Rain-Sensing Wiper ၏ အားသာချက်များ


Rain-Sensor သည် ကားမောင်းနေစဉ်အတွင်း မိုးရေနှင့် နှင်းကျခြင်းကို အချိန်ပြည့်စောင့်ကြည့်ပြီး အာရုံခံ ထောက်လှမ်းနိုင်သဖြင့် ယာဉ်မောင်းသူမှ ဝိုက်ပါ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အမြန်နှုန်းတင်ပေးခြင်းတို့ကို လုပ်ပေးစရာ မလိုတော့ပါ။

မိုးရေအနည်းအများနှင့် ဆီးနှင်းကျရောက်မှုတို့အပေါ် မူတည်၍ ဝိုက်ပါ၏ Speed ကို အနှေးအမြန် အလိုအလျောက် လုပ်ပေးနိုင်ပြီး မိုးတိတ်သွား၍ လေကာမှန်ပေါ်တွင် ရေစက်များ သန့်စင်သွားပါက အလိုအလျောက် ရပ်ပေးမည်

ဖြစ်သည်။
လမ်းပေါ်တွင် ကားမောင်းနေစဉ် အခြားကားများ၏ တာယာဘီးများ ရေအိုင်၊ ရွှံ့ဗွက်အိုင်နင်းမိ၍ ရေများ လွင့်စဉ်လာပါကလည်း Rain Sensor က အလိုအလျောက် ဝိုက်ပါကို လှုပ်ရှားစေနိုင်သည်။

ကားမှန် မျက်နှာပြင်ပေါ်တွင် မိုးရေစက်များ ခြောက်သွေ့ပြီး သန့်ရှင်းသွားပါက ဝိုက်ပါရပ်တန့်သွားမည်။ ဝိုက်ပါ ခလုတ် ဖွင့်ခြင်း/ပိတ်ခြင်း၊ အနှေး/အမြန်ပြောင်းလဲခြင်း များကို ယာဉ်မောင်းသူက အာရုံ လုံးဝထားစရာမလိုတော့၍

အန္တရာယ်ကင်းရှင်းစွာ ထိန်းသိမ်းမောင်းနှင်ရေးကို ရာခိုင်နှုန်းပြည့် အားစိုက်နိုင်သည်။

ယနေ့ခေတ်ပေါ် ဇိမ်ခံကားအမြင့်များတွင် ပိုမို ပြည့်စုံသော အဆင့်မြင့်နည်းပညာများကို အသုံးချထား၍ ကားမောင်းနှင်ထိန်းကျောင်းရသည်မှာ ပိုမိုလွယ်ကူလာသည်။ လုံခြုံစိတ်ချရမှု အခြေအနေများသည်လည်း ပိုမိုတိုးတက်လာသည်။

များပြားလှသော ယာဉ်တိုက်မှုများမှာ ယာဉ်မောင်းသူများ အာရုံစိုက်မှု လျော့နည်းခြင်းကြောင့်ဖြစ်ရသည်။ မိုးရေကို အာရုံခံနိုင်သော နည်းပညာ (Rain Sensing Wiper Technology) သည် ယာဉ်မောင်း မှ ခလုတ်ဖွင့်ပေးစရာမလိုဘဲ

အလိုအလျာက် အလုပ်လုပ်နိုင်သည်။

ပြန်ပိတ်စရာ မလိုဘဲလည်း ဝိုက်ပါက မိုးရေများ ပြောင်စင်သွားလျှင် ရပ်တန့်သွားမည်။ ယာဉ်မောင်းသူသည် အာရုံထွေပြားစရာ အခြားလုပ်ဆောင်စရာများ လျော့နည်းသွားပါက အန္တရာယ်ကင်းရှင်းရေးကို အဓိကထားပြီး

အာရုံပိုစိုက်နိုင်သဖြင့် ဘေးကင်းလုံခြုံမှုကို ပိုမိုရရှိစေသည်။

Rain Sensing နည်းပညာသည် အဆင့်မြင့်ကားများအတွက် ပိုမို Smart ဖြစ်စေသော နည်းပညာတစ်မျိုး ဖြစ်သည်။

Source:automobile

Read 515 times