The 1st Yangon International Motor Show 2019


ယင်းပြပွဲကို ထိုင်းနိုင်ငံ Motor Show များအား နှစ်ပေါင်းလေးဆယ်ကျော် ပြုလုပ်ခဲ့သည့် ပြပွဲအတွေ့အကြုံရှိသော Grand Prix International Public Company Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် GPI Myanmar Co.,Ltd နှင့် Automotive Association of Myanmar(AAM)တို့ ပူးပေါင်းကျင်းခြင်းဖြစ်ပါတယ်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro Maruyama၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံတကာ သံရုံးများမှ သံတမန်များနှင့် အရာရှိများ၊ နိုင်ငံတကာ Chamber of Commerce များမှ တာဝန်ရှိသူများ၊ မော်တော်ယာဉ် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ စုံလင်စွာ တက်ရောက်အားပေးခဲ့ကြပါတယ်။ထို့အပြင် Suzuki ၏ Brand Ambrassor တစ်ဦးဖြစ်တဲ့ Marry မှလည်း သီချင်းများဖြင့်သီဆို ဖျော်ဖြေပေးခဲ့ပါတယ်။ 

ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ၌ နံနက် ၁၀နာရီမှ ည ၈နာရီအထိ ဝင်ကြေးအခမဲ့ဖြင့် နိုင်ငံတကာ မော်တော်ယာဉ် ပြပွဲကြီးများ ပုံစံအတိုင်း ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့် Indoor Exhibition ဖြစ်တာကြောင့် လာရောက်သူတွေအတွက် အရမ်းသက်သောင့်သက်သာရှိရှိနဲ့ကားတွေကို သေချာလေ့လာနိုင်မှာဖြစ်ပါတယ်။။နိုင်ငံတကာအဆင့်မီ Motor Show အင်္ဂါရပ်နဲ့အညီ Entertainment တွေ၊ လာရောက် သူတိုင်းအတွက် Lucky Draw အစီအစဉ်တွေကိုလဲ ထည့်သွင်းပေးထားပါတယ်။

ပြပွဲကြီး၌ Ford, BMW, Scania, Suzuki, DFM နှင့် Toyota စသည့် Brand များအပြင် အခြား နိုင်ငံတကာ မော်တော်ယာဉ် အမှတ်တံဆိပ်များမှ ထူးခြားဆန်းသစ်သည့် ခင်းကျင်းပြသမှု ပုံစံများဖြင့် အလှဆင်ထားသည့် ပြခန်းများတွင် နောက်ဆုံးပေါ် Brand New မော်တော်ယာဉ်များကို လေ့လာကြည့်ရှုခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း၊ အထူးဈေးနှုန်းများဖြင့် ဝယ်ယူခြင်းတို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် Modified Street Car Contest ၊ Modified Off-road Car Contest ၊ Vintage & Luxury Exotic Car Contest နှင့် Nissan GT-R Contest စသည်ဖြင့် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကိုလည်း ထည့်သွင်းထားလို့ ကားချစ်သူများ အနေနဲ့ မဖြစ်မနေ လာရောက်ကြည့်ရှုသင့်သည့် ပြပွဲကြီးတစ်ခု ဖြစ်ပါတယ်။

 

Read 783 times