ထိုင်းနိုင်ငံ လျှပ်စစ်ကားရောင်းအား နှစ်ဆဖြစ်နိုင်
https://t.me/Guid4U
JOIN THE CHANNEL
ယခုနှစ်တွင် ထိုင်းအစိုးရက အီးဗီ သုံးစွဲမှု မြှင့်တင်ရန် ဘတ် ၂.၄ ဘီလီယံ သုံးစွဲမည် ဖြစ်ပြီး တရုတ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံ၌ ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ်များကို ရောင်းချကြမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားရောင်းအားသည် ယခုနှစ်တွင် နှစ်ဆဖြစ်လာနိုင်သည်။
ဘက်ထရီသုံး အီးဗီ အသစ်များ ကနဦး မှတ်ပုံတင်ခြင်းသည် ယခုနှစ်ကုန်တွင် အစီးရေ တသိန်းခွဲအထိ ဖြစ်လာဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံ လျှပ်စစ်ယာဉ်အသင်း Electric Vehicle Association of Thailand ဥက္ကဋ္ဌ Krisda Utamote က ပြောသည်။
အိမ်စီးကားများ ကနဦးမှတ်ပုံတင်သည့် အစီးရေ စုစုပေါင်းတွင် ၂၀% သည် အီးဗီများ ဖြစ်လိမ့်မည်ဟု ၎င်းက ခန့်မှန်းသည်။ ၂၀၂၃ ခုနှစ်တွင် ၁၂% ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၁၀% အောက်မှာသာ ရှိခဲ့သည်။
ထိုင်းအစိုးရက ပြည်ပမှ တင်သွင်းလာသည့် အီးဗီများအတွက် သွင်းကုန်ခွန်များ ဖြေလျော့ပေးထားသည့်အပြင် အီးဗီ ဝယ်ယူသူများကို ငွေသား ထောက်ပံ့မှုများ ပေးအပ်သဖြင့် ထိုင်းနိုင်ငံတွင် အီးဗီများ အဝယ်လိုက်သည်။
၎င်းထောက်ပံ့ကြေး အစီအစဉ်တွင် ပါဝင်သည့် ကားလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် အီးဗီများ ထုတ်လုပ်ရန် လိုအပ်ပါသည်။
၎င်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးပေးထားသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှာ Great Wall Motor, BYD, Hozon New Energy Automobile Co. တို့ အီးဗီများ ထုတ်လုပ်ကြမည် ဖြစ်သည်။
"ဒီနှစ်မှာ ပထမဆုံး မက်လုံးပေးအစီအစဉ်မှာ ပါဝင်ဖို့အတွက် စာရင်းသွင်းပြီး ပြည်တွင်းထုတ်လုပ်မှုကို ကတိကဝတ်ပြုထားတဲ့ ထုတ်လုပ်သူအများအပြားက ပထမဆုံးပြည်တွင်းမှာ ထုတ်လုပ်ကြတာကို တွေ့ရမှာပါ" ဟု Krisda က ပြောကြားသည်။ ပြည်တွင်းမှာ ထုတ်လုပ်သည့်အတွက် ရောင်းအားတက်စေသည်ဟု ၎င်းက ပြောကြားသည်။
နှစ်စဉ် အီးဗီ ကနဦး မှတ်ပုံတင်ခြင်းသည် ၂၀၂၅ ခုနှစ်တွင် အစီးရေ ၂၂၅,၀၀၀ အထိ တိုးလာနိုင်သည်။
စွမ်းအင်သစ်သုံး မော်တော်ယဉ်များအတွက် အမျိုးသား အီးဗီ မူဝါဒ ကော်မတီသည် ထိုနှစ်တွင် အိမ်စီးကားအသစ် ရောင်းအား စုစုပေါင်း၏ ၃၀% သည် အီးဗီ ဖြစ်ရန် ရည်မှန်းချက် ချမှတ်ထားသည့်အတိုင်း ဖြစ်မြောက်အောင်မြင်မည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
သို့သော် ထိုင်းအီးဗီကဏ္ဍတွင် အားနည်းချက်တစ်ခု ရှိနေသည်မှာ အီးဗီများ များပြားလာသည့်အခါ အားသွင်းတိုင်များ အလုံအလောက် မရှိခြင်း ဖြစ်သည်ဟု သုတေသနဌာ Kasikornbank Pcl က အစီရင်ခံစာတွင် တင်ပြထားသည်။
ထိုင်းနိုင်ငံတွင် ဘက်ထရီသုံး အီးဗီ အစီးရေ ၉၀,၀၀၀ ခန့်ရှိပြီး ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီ အစီးရေ ၅၄,၀၀၀ ခန့် ရှိသည်။ ယခုအခါ အများသုံး အားသွင်းတိုင် အရေအတွက် တိုးလာနေသည်။ နေရာပေါင်း ၂,၂၀၀ ခန့်တွင် အများသုံး အားသွင်းတိုင် ၈,၇၀၀ ခု ရှိနေပြီဟု Krisda က ပြောကြားသည်။
သို့ဖြစ်ရာ ပျမ်းမျှချကြည့်လျှင် အီးဗီ ၁၆.၅ စီးလျှင် အများသုံး အားသွင်းတိုင် တစ်တိုင် ရှိသည်။ ကမ္ဘာ့ပျမ်းမျှမှာ အီးဗီ ၁၅.၉ စီးလျှင် အများသုံး အားသွင်းတိုင် တစ်တိုင် ရှိသည်။ ထိုင်းသည် ကမ္ဘာ့ပျမ်းမျှထက် အနည်းငယ် လျော့နည်းနေဆဲ ဖြစ်သည်။
တောင်ကိုရီးယားမှ Kia Corp နှင့် ထိုင်းအစိုးရနှင့် မက်လုံး အစီအစဉ်ကို ညှိနှိုင်းခဲ့ရာ၌ သဘောတူညီမှု မရရှိသဖြင့် ထိုင်းတွင် အီးဗီ ထုတ်လုပ်မည် အစီအစဉ်ကို အကောင်အထည် မဖော်ဖြစ်တော့ဘဲ အီးဗီများကို တင်သွင်းရောင်းချမည် ဖြစ်သည်။
ထိုင်းအီးဗီ ဈေးကွက်တွင် တရုတ်အီးဗီများက ကြီးစိုးထားကြသည်။ ၂၀၂၃ ခုနှစ်တွင် ထိပ်တန်း (၅) အရောင်းရဆုံး အီးဗီစာရင်းတွင် တရုတ်အီးဗီ အမှတ်တံဆိပ်များ နေရာ ၄ နေရာ ယူထားကြသည်။ ကျန်သည့်တနေရာမှာ Tesla Inc ဖြစ်ပြီး စတုတ္ထနေရာကို ရရှိသည်။
Source bloomberg
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL