ထိုင်းကားပြပွဲ ဒီဇင်ဘာ ၁ ရက် စတင်မည်


ထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ (၃၈) ကြိမ်မြောက် ထိုင်း အပြည်ပြည်ဆိုင်ရာ မော်တော်ကား ပြပွဲ  38th Thailand International Motor Expo စတင်ကျင်းပဖို့ စီစဉ်နေပါတယ်။
 Covid-19 စည်းကမ်းတွေကို တင်းကျပ်ထားရမှာ ဖြစ်လို့ ပြပွဲမှ ဝင်ငွေကို ဘတ် ၄၀ ဘီလျံမကျော်ဘူးလို့ ခန့်မှန်းထားပါတယ်။

 ပြပွဲ လာရောက်ကြည့်ရှုသူ ဦးရေ ၈၀၀,၀၀၀ အထိ ရှိမယ်လို့ မျှော်မှန်းထားပါတယ်။
 ၁၂ ရက်ကြာမြင့်တဲ့ ပြပွဲကို အွန်လိုင်းမှ ကြည့်ရှုသူဦးရေ ၂၀၀,၀၀၀ ဦး ရှိလိမ့်လို့ မျှော်လင့်ထားပါတယ်။

ပြပွဲကျင်းပရေး ကော်မတီ ဉက္ကဋ္ဌ Kwanchai Paphatphong က "ကားအသစ်ဝယ်ဖို့ စိတ်ကူးရှိတဲ့သူတွေ ပြပွဲမှာ ဝယ်ကြလိမ့်မယ်။ သူတို့က ပြပွဲကျမှ ဝယ်မယ်ဆိုပြီး ကားမဝယ်သေးဘဲ စောင့်နေကြတဲ့သူတွေပါ" လို့ ပြောပြတယ်။
ကားတစ်စီး ရောင်းဈေး ပျမ်းမျှ ဘတ် ၁~၁.၄ သန်း။ဖြစ်ပြီး ဝယ်ဖို့ စာရင်းပေးတဲ့ စီးရေ ၃၀,၀၀၀ ဝန်းကျင် ရှိမယ်လို့ မှန်းဆထားပါတယ်။

ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာ ရမှာဖြစ်ကြောင်း သူက ပြောကြားပါတယ်။

ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူများကိုသာ ဝင်ခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်ထိုးခားပြီးသူတွေကိုတော့ မဝင်ခင်မှာ rapid antigen test kit (ATK) အရင်စစ်ပြီး ပိုးမတွေ့ negative ဆိုရင် ဝင်ခွင့် ပေးအပ်မှာ ဖြစ်ပါတယ်။ ဆေးစစ်တဲ့ ကုန်ကျစရိတ်ကို လာကြည့်သူက ကျခံရမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို ဘတ် ၁၀၀ မကျော်အောင် ပြပွဲစီစဉ်သူတွေက စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ် Motor Expo မှာ ဝယ်ယူဖို့ စာရင်းပေးတဲ့ စီးရေ ၃၄,၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ လာရောက်ကြည့်ရှုသူဦးရေ ၁.၃~၁.၅ သန်း ရှိခဲ့ပါတယ်။

38th Thailand International Motor Expo မှာ 
ကား brand ၃၂ ခု မော်တော်ဆိုင်ကယ် 
brands ၁၂ ခု ပြသဖို့ စီစဉ်ထားပါတယ်။

လျှပ်စစ်မော်တော်ယာဉ်များအပြင် လျှပ်စစ်မော်တော်ဘုတ်တွေလည်း ပါဝင်ပြသမှာ ဖြစ်ပါတယ်။

Read 1399 times