ထိုင်းကားပြပွဲတွင် အီးဗီများ ရောင်းအားကောင်းခဲ့


ထိုင်းကားပြပွဲတွင် အီးဗီများ ရောင်းအားကောင်းခဲ့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Thailand International Motor Expo တွင် လျှပ်စစ်ကားအစီးရေ (၅,၈၀၀) အတွက် ကြိုတင်စာရင်းသွင်းမှုသည် ပြည်တွင်း အီးဗီ လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုအတွက် အားတက်စရာ ဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် ပြီးဆုံးသည့် ၁၂ ရက်ကြာ ကားပြပွဲအတွင်း အစီးရေ ၃၆,၆၉၇ ကြိုတင်အမှာစာများ ရရှိခဲ့ပြီး အီးဗီ အမှာစာ စုစုပေါင်းသည် ကားကြိုတင်မှာယူမှုအားလုံး၏ ၁၅% ရှိကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။
တရုတ် EV များသည် အလားအလာရှိသော ဝယ်သူများကြားတွင် ရေပန်းအစားဆုံး ဖြစ်ခဲ့သည်။ 
၎င်းအီးဗီတို့ကို ထုတ်လုပ်သူများသည် အခွန်ဖြတ်တောက်ခြင်းနှင့် ထောက်ပံ့ကြေးများ အပါအဝင် အစိုးရ၏ အီးဗီ မက်လုံးပေးအစီအစဉ်တွင် ပါဝင်ထားကြောင်း စက်မှုဝန်ကြီး Suriya Juangroongruangkit က ပြောကြားသည်။

"ထိုင်းဘတ်ငွေ ၂.၉ ဘီလီယံ တန်တဲ့ မက်လုံး အစီအစဉ်ကို အစိုးရရကက်ဘိနက်က အတည်ပြုလိုက်ကတည်းက ထိုင်းနိုင်ငံရဲ့ အီးဗီ စျေးကွက်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်" ဟု သူက ပြောကြားသည်။
၂၀၂၂ ဖေဖော်ဝါရီလတွင် အစိုးရအဖွဲ့မှ အီးဗီ ဝယ်ယူသုံးစွဲမှုနှင့် ထုတ်လုပ်မှုကို လှုံ့ဆော်ရန်အတွက် မော်တော်ယာဉ်အမျိုးအစားနှင့် မော်ဒယ်များပေါ် မူတည်၍ ဘတ် ၇၀,၀၀၀ မှ ဘတ် ၁၅၀,၀၀၀ အထိ ထောက်ပံ့ကြေးများကို ၂၀၂၂ မှ န၂၀၂၃ အထိ ပေးအပ်ရန် အတည်ပြုခဲ့သည်။

စက်သုံးဆီ ဈေးကြီးနေခြင်းနှင့် အီးဗီ မော်ဒယ်လ်သစ်များ ရောင်းချကြခြင်းတို့သည်လည်း ရောင်းအားကို တွန်းအားပေးသည့် အကြောင်းရင်းများထဲမှာ ပါဝင်သည်။
ကားပြပွဲအတွင်း BYD သည် အီးဗီ ကြိုတင်မှာယူသည့်စီးရေ  ၂,၇၁၄ ဖြင့် အများဆုံးရရှိခဲ့သည်။
GWM ၏ Ora Good Cat စီးရေ ၁,၂၁၂ ၊ Neta စီးရေ ၈၂၇ ၊ MG စီးရေ ၆၀၀ ၊ Volt စီးရေ ၂၁၀  အမှာစာများ ရရှိခဲ့ကြောင်း ကားပြပွဲကို စီစဉ်ပေးသော Inter-Media Consultant Co ၏ ဥက္ကဋ္ဌ Kwanchai Paphatphong  က ပြောကြားသည်။ 
အဆိုပါ brand များ အားလုံးသည် တရုတ်ကားထုတ်လုပ်သူများ၏ အီးဗီများ ဖြစ်သည်။

Porsche ၏ အီးဗီစီးရေ ၇၀ ၊ Mini ၏ အီးဗီစီးရေ  ၃၂ ၊ Mercedes-Benz ၏ အီးဗီစီးရေ ၃၀၊  Pocco ၏ အီးဗီစီးရေ ၃၀ အမှာစာ ရရှိခဲ့သည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 250 times