ထိုင်းကားပြပွဲတွင် တရုတ်အီးဗီများ ပွဲလယ်တင့် 


ထိုင်းကားပြပွဲတွင် တရုတ်အီးဗီများ ပွဲလယ်တင့် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတွင် ပြသနေသည့် Thailand International Motor Expo ပြပွဲကို ကြာသပတေးနေ့(ဒီဇင်ဘာ ၁) တွင် ဖွင့်လှစ်ခဲ့သည်။
ပြပွဲတွင် တရုတ်ကားထုတ်လုပ်သူများသည် ၎င်းတို့၏ နောက်ဆုံးပေါ် လျှပ်စစ်ကား electric vehicle (EV) မော်ဒယ်များကို ပြသကြသည်။
ထိုင်းအစိုးရက အီးဗီဝယ်ယူသူများကို ပေးအပ်ငးသည့် မက်လုံးအစီအစဉ်သည် သက်တမ်း ၆ လကျော် ကျန်နေသေးသည်။ အခွန် သိသိသာသာ ဖြေလျော့ထားခြင်းနှင့် အစိုးရက ‌ထောက်ပံ့မှု သိသိသာသာ ပေးအပ်ထားခြင်းများကြောင့် ထိုင်းနိုင်ငံ အီးဗီဈေးကွက် အရှိန်တက်နေသည်။ 
ယခုနှစ် ပြပွဲတွင် အထင်ကရ နိုင်ငံတကာ ကားအမှတ်တံဆိပ်များက ၎င်းတို့၏ နောက်ဆုံးမော်ဒယ်များဖြင့်  ပါဝင်ပြသကြသည်။ ထိုသို့ ပြသကြသည့်  ဘက်ထရီသုံး အီးဗီများတွင် ထက်ဝက်နီးပါးတို့သည် တရုတ်  brand များ ဖြစ်သည်။ 
ထိုင်းဈေးကွက်သို့ ပွဲဦးထွက်တွင် Great Wall Motor (GWM) မှ Ora Grand Cat သည် ၎င်း၏ ဆန်းသစ်ပြီး ခေတ်ဆန်သောအသွင်အပြင်ဖြင့် လာရောက်ကြည့်ရှုသူများကို ဆွဲဆောင်‌ေနသည်။
GWM က ပြပွဲတွင် မော်ဒယ် ၇ မျိုး ပြသသည်။ ဘက်ထရီသုံး အီးဗီစစ်စစ် မော်ဒယ် ၃ မျိုး၊ ရောင်းအားအကောင်းဆုံး ဟိုက်ဘရစ် Haval H6 Hybrid မော်ဒယ်တို့ပါဝင်သည်။
ထိုင်းနိုင်ငံတွင် နိုဝင်ဘာလမှာ ကျင်းပခဲ့သည့် Apec Economic Leaders' Meeting တွင် Haval H6 Hybrid သည် တရားဝင်မော်ဒယ်အဖြစ် အသုံးပြုခဲ့သည်။ 
GWM သည် ထိုင်းနိုင်ငံတွင် ကားစက်ရုံ ထားရှိပြီး ဟိုက်ဘရစ် မော်ဒယ်နှင့် အီးဗီစစ်စစ် မော်ဒယ် စုစုပေါင်း ၅ မျိုး ထုတ်လုပ်သည်။
ကာလံဒေသံ လိုအပ်ချက်များနှင့်အညီ ထုတမလုပ်ထားကြောင်း GWM Asean ‌and Thailand လုပ်ငန်းခွဲ ဥက္ကဋ္ဌ Elliot Zhang က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

SAIC Thailand က ပြပွဲတွင် မော်ဒယ် ၉ မျိုး ပြသသည်။ အီးဗီစစ်စစ် မော်ဒယ် ၃ မျိုး ပါဝင်ပြီး MG4 သည် အရှေ့တောင်အာရှဈေးကွက်တွင် ပထမဆုံး နောက်ဘီးယက် လျှပ်စစ်ကား ဖြစ်သည်။ 

BYD က ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း စက်တင်ဘာလတွင် ကြေညာခဲ့သည်။ ပထမဆုံး လျှပ်စစ်ကားစစ်စစ် မော်ဒယ်အဖြစ် ATTO 3 ကို စတင်ရောင်းချသည်။ 

 ယခုနှစ်တွင် ထိုင်းဈေးကွက်ထဲ ဝင်လာသည့်  Hozon Auto က ပြပွဲတွင် NETA V အပါအဝင် အီးဗီစစ်စစ် မော်ဒယ် ၃ မျိုး ပြသသည်။ NETA V ကို ထိုင်းဈေးကွက်တွင် ဩဂုတ်လမှာ စတင်ရောင်းချခဲ့ပြီး အမှာစာ စီးရေ ၆,၀၀၀ ကျော် ရရှိထားသည်။ 
နှစ်စဉ်ကျင်းပသည့် Thailand International Motor Expo ပြပွဲကို  ဒီဇင်ဘာလ ၁၂ ရက်အထိ ပြသထားမည် ဖြစ်သည်။ နိုင်ငံ ၁၀ နိုင်ကျော်မှ ကားထုတ်‌လုပ်ရေးလုပ်ငန်း ၃၅ ခုနှင့် မော်တော်ဆိုက်ကယ် brand ၁၇ ခုတို့ ပါဝင်ပြသကြပါသည်။
Source Xinhua

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3412 times