ထိုင်းကားပြပွဲ ကိုဗစ်ကြောင့် ဝယ်လိုအား ပိုများ


ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Thailand International Motor Expo မှာ ပြပွဲစီစဉ်သူတွေ လျာထားတဲ့အတိုင်း ကားစီးရေ ၃၀,၀၀၀ ရောင်းချနိုင်မယ်လို့ Federation of Thai Industries (FTI) က ဆိုပါတယ်။
Covid-19 ကူးစက်မှုမှ ဘေးကင်းလုံခြုံရေးအတွက် အများသုံး ဘတ်စ်ကားနဲ့ ရထားတို့အစား ကိုယ်ပိုင်ကားနဲ့ သွားလာလိုသူတွေ ပိုများလာတာကြောင့် ကားဝယ်လိုအား မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ကပ်ရောဂါကြောင့် ပြပွဲသို့ လာရောက်သူ ဦးရေနည်းပါးပေမဲ့ အွန်လိုင်းမှာ ကြည့်ရှုသူများ ရှိနေပါတယ်။ ၁၂ ရက်ကြာ ပြသတဲ့ ပြပွဲဖြစ်ပြီး အရောင်းမြှင့်တင်ရေး အစီအစဉ်များကြောင့် မော်ယ်အသစ် ကားတွေ မှာကြားကြသူ များပြားနေပါတယ်။ 

Impact Challenger  ပြပွခန်းမမှာ ကျင်းပနေတဲ့ ပွဲကို လူကိုယ်တိုင် လာရောက်ဖို့ ကြိုတင်စာရင်းပေးသွင်းသူ ၈၀၀,၀၀ ဦး ရှိပြီး အွန်လိုင်းမှ ကြည့်ရှုသူ ၂၀၀,၀၀၀ ဦး ရှိလိမ့်မယ်လို့ FTI  က ခန့်မှန်းထားပါတယ်။ 

ပြီးခဲတဲ့နှစ် Motor Expo  မှာ စီးရေ ၃၄,၀၀၀ ခန့် ရောင်းချခဲ့ရပြီး ပြပွဲသို့ လာရောက်သူဦးရေ ၁.၃~၁,၅ သန်း ရှိခဲ့ပါတယ်။ 

FTI က ၂၀၂၁ မှာ ကားစီးရေ ၁.၅၅~၁.၆၀ သန်း ထုတ်လုပ်ရန် လျာထားပြီး စီးရေ ၈၀၀,၀၀၀~၈၅၀,၀၀၀ ပြည်ပသို့ တင်ပို့ရန် လျာထားပါတယ်။ 

ယခုနှစ် ပထမ ၁၀ လ အတွင်း ပြည်တွင်းမှာ ရောင်းချတဲ့ ကားစီးရေ ၅၉၆,၃၉၃ ရှိခဲ့လို့ ယခင်နှစ် အလားတးကာလထက် ၂.၁% လျော့နည်းခဲ့ပါတယ်။ ယခုအခါ ကိုဗစ်ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်ပိတ်ပင်ထားတာတွေ ဖြေလျော့လိုက်ပြီ ဖြစ်လို့ ကားရှိဖို့ လိုအပ်ချက် မြင့်တက်လာပြီး ဝယ်လိုအားလည်း မြင့်တက်လာနေပါတယ်။ 


bangkokpost.com

 

 

 

 

 

 

 

Read 4971 times