ထိုင်းမော်တော်ဆိုင်ကယ်ဈေးကွက် ၉ နှစ်တာအတွင်း  ၂၀၂၂ မှာ အရှိန်အဟုန်တက်


ထိုင်းမော်တော်ဆိုင်ကယ်ဈေးကွက် ၉ နှစ်တာအတွင်း  ၂၀၂၂ မှာ အရှိန်အဟုန်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံတွင် ဆိုင်ကယ်စျေးကွက် အရှိန်အဟုန် မြင့်တက်လာသည်။ ၂၀၂၂ ခုနှစ်တွင် ရောင်းအား စီးရေ ၁.၈ သန်းရှိခဲ့သည်။ ပြီးခဲ့သည့် ၉ နှစ်တာတွင် ရောင်းအား အကောင်းဆုံးနှစ် ဖြစ်ခဲ့သည်။
ထိုင်း ဆိုင်ကယ်စျေးကွက်ကို Honda က ကြီးစိုးထားသည်။ ဒုတိယနေရာတွင် Yamaha ရှိနေပြီး တတိယနေရာတွင် Piaggio ရှိနေသည်။

လွန်ခဲ့သည့် ၁၀ နှစ်တာတွင် ထိုင်း မော်တော်ဆိုင်ကယ်ဈေးကွက် ရောင်းအားကျဆင်းနေခဲ့သည်။ တစ်ဦးချင်းအရ ဝင်ငွေ မြင့်တက်လာသည့်အလျောက် မော်တော်ဆိုင်ကယ် စီးသူများတွင် ကားဝယ်စီးသူ များပြားလာသောကြောင့် မော်တော်ဆိုင်ကယ် ရောင်းအား စီးရေ ၅ သိန်း ဝန်းကျင် လျော့နည်းနေခဲ့သည်။  ဂုဏ်ရှိဖို့ ဝယ်စီးသူများ ရှိသလို အသုံးချဖို့ ဝယ်စီးသူများလည်း ရှိသည်။ ထိုသို့ ကားဝယ်စီးကြသူများတွင် အများစုသည် ပစ်ကပ်ကား ဝယ်စီးကြသည်။
မော်တော်ဆိုင်ကယ် အခန်းကဏ္ဍသည် တစ်ဦးချင်း သွားလာမှုအတွက် လိုအပ်ချက်နှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ခေတ်ရေစီးကြောင်းတို့ကြောင့် ဦးပြန်မော့လာခဲ့သည်။
၂၀၂၂ တွင် Honda သည် ရောင်းအား ၁၁.၂% မြင့်တက်ခဲ့ပြီး စီးရေ ၁.၃၇ သန်း ရောင်းချခဲ့သည်။
Yamaha သည် ၆.၉% ရောင်းအားတက်ခဲ့ပြီး ၂၈၄,၁၂၄ စီး ရောင်းချခဲ့သည်။
Piaggio သည် ၄၅.၅% ရောင်းအား မြင့်တက်ခဲ့ပြီး ၄၇,၈၃၂ စီး ရောင်းချခဲ့သည်။

ထိုင်းနိုင်ငံသည် အဓိက မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး အခြေစိုက်စခန်း ဖြစ်သည်။ တစ်နှစ် စီးရေ ၂ သန်း ထုတ်လုပ်ပြီး ကမ္ဘာ့အဆင့် (၅) တွင် နေရာရထားသည်။
ပထမနေရာတွင် တစ်နှစ် စီးရေ ၂၃ သန်း ထုတ်လုပ်သည့် တရုတ်၊
 ဒုတိယနေရာတွင် စီးရေ သန်း ၂၀ ထုတ်လုပ်သည့် အိန္ဒိယ၊ 
 တတိယနေရာတွင် စီးရေ ၈ သန်း ထုတ်လုပ်သည့် အင်ဒိုနီးရှား၊ 
 စတုတ္ထနေရာတွင် စီးရေ ၃ သန်း ထုတ်လုပ်သည့် ဗီယက်နမ်တို့ ရှိနေကြသည်။

ထိုင်းနိုင်ငံသည် CKD စနစ်ဖြင့် ၁၉၆၇ ခုနှစ်တွင် မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုကို စတင်ခဲ့သည်။
၁၉၉၀ တွင် လေထုညစ်ညမ်းမှု လျော့ချရန် အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး နှစ်ချက်ထိုး အစား လေးချက်ထိုး အင်ဂျင် ထုတ်လုပ်မှုသို့ ပြောင်းလဲခဲ့သည်။ ထုတ်လုပ်မှုကိုလည်း မြှင့်တင်ခဲ့ရာ တစ်နှစ်စီးရေ ၁.၇၅ သန်း ထုတ်လုပ်သည်အထိ မြင့်တက်သွားခဲ့သည်။ 
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တစ်ကိုယ်ရေ သွားလာမှုအတွက်မော်တော်ဆိုင်ကယ် ဝယ်စီးနိုင်သူ များပြားလာပြီး ရောင်းအားလည်း မြင့်တက်လာခဲ့သည်။
ထုတ်လုပ်မှုတွင်လည်း ပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပတင်ပို့ရန်အတွက်ပါ ထုတ်လုပ်ခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ ၇ ဦးရှိပြီး တစ်နှစ်လျှင် စုစုပေါင်း အစီးရေ ၃ သန်း ထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းလုပ်ငန်း ၇ ခုမှာ
Honda, 
Yamaha, 
Suzuki, 
Kawasaki, 
BMW, 
Triumph,
Ducati
တို့ ဖြစ်ပါသည်။
ထုတ်လုပ်သည့် စက်ရုံအများစုသည် ထိုင်းနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တည်ရှိပါသည်။
ပြည်ပသို့ ဆိုင်ကယ်များကို CBU အနေဖြင့် တင်ပို့ပါသည်။ 
Source motorcycledata
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 330 times