၁၀ လတာ ထိုင်း အရောင်းရဆုံး ထိပ်တန်း ကားအမှတ်တံဆိပ် ၁၀ ခု


၁၀ လတာ ထိုင်း အရောင်းရဆုံး ထိပ်တန်း ကားအမှတ်တံဆိပ် ၁၀ ခု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာတွင် တိုယိုတာသည် အရောင်းရဆုံး မော်တော်ယာဉ်အမှတ်တံဆိပ်အဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေသည်။ ရောင်းအား လျော့ကျနေသည့် ထိုင်းကားဈေးကွက်တွင် ဈေးကွက်ဝေစု ၃၄% နီးပါး ရရှိထားသည်။

၎င်း ၁၀ လတာတွင် ထိုင်းကားဈေးကွက်မှာ ကား  ၆၄၅,၈၃၃ စီးရောင်းချခဲ့သည်။ ယမန်နှစ်ကထက် ၇.၅% လျော့နည်းပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကား ၅၈,၉၆၃ စီး ရောင်းချခဲ့သည်။ ယမန်နှစ်ကထက် ၈.၈% လျော့နည်းပါသည်။

 ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအထိ ၁၀ လတာ ရောင်းအားအရ ထိုင်း ထိပ်တန်း ကားအမှတ်တံဆိပ် ၁၀ ခု

• တိုယိုတာ ၂၂၀,၁၄၄ စီး
• အီဇူးစူး ၁၃၁,၂၅၆ စီး
• ဟွန်ဒါ ၇၇,၁၈၈ စီး
• ဖို့ဒ် ၃၁,၃၂၉ စီး
• မစ်စူဘီရှီ ၂၈,၂၈၀ စီး
• MG ၂၂,၂၉၃ စီး
•  BYD ၂၁,၈၆၅ စီး
•  မာဇဒါ ၁၄,၇၀၉ စီး
•  နီဆန်း ၁၃,၈၈၆ စီး
•  နက်တာ ၁၀,၅၆၅ စီး

၂၀၂၃ အောက်တိုဘာလတွင်

• အိမ်စီးကား ၂၂,၁၃၀ စီး ၊
• လုပ်ငန်းသုံးယာဉ် ၃၆,၈၃၃ စီး၊
• တတန်ပစ်ကပ်ထရပ် ၂၂,၉၉၈ စီး

ရောင်းချခဲ့သည်။

Toyota Motor Thailand Co Ltd ၏ လက်ထောက်မန်နေဂျင်း ဒါရိုက်တာ Supakorn Rattanawaraha က နိုဝင်ဘာလတွင် ထိုင်းမော်တော်ယာဥ်ဈေးကွက် ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ချက် အနည်းငယ်မျှသာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အကြိမ် ၄၀ မြောက် Thailand International Motor Expo 2023 ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ ၎င်းပွဲတွင် ကားများကို အရောင်းမြှင်တင်ရေး အစီပစဉ်များဖြင့် ရောင်းချကြသဖြင့် ရောင်းအား ဦးမော့မည်ဟု မျှော်လင့်ထားကြပါသည်။


Source thenationthailand 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2185 times