ထိုင်းမှာ တက္ကဆီစီး ခရီးသည် ထိုင်ခုံခါးပတ် ပတ်ရန် ပြဋ္ဌာန်း


ထိုင်းမှာ တက္ကဆီစီး ခရီးသည် ထိုင်ခုံခါးပတ် ပတ်ရန် ပြဋ္ဌာန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစတင်၍ တက္ကစီ သို့မဟုတ် အခြားအများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များတွင် ခရီးသည်များ  စီးနင်းရာတွင် ထိုင်ခုံခါးပတ် ပတ်ထားရန် လိုအပ်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ခရီးသည်အားလုံး ထိုင်ခုံခါးပတ်များ ပတ်ထားရန် အငှားယာဉ်မောင်းများက တာဝန်ယူရမည် ဖြစ်သည်။

တက္ကဆီအတွင်း ခါးပတ်ပတ်ရန် စကားသံဖြင့် စက်က သတိပေးမည် ဖြစ်သည့်အပြင် ခါးပတ်ပတ်ရန် စာကပ်ပေးထားမည် ဖြစ်သည်။

ယာဉ်မောင်းသည် ခရီးသည်များအား သတ်မှတ်ထားသော ထိုင်ခုံ‌ေနရာများတွင် ထိုင်‌ေစရမည်ဖြစ်ပြီး ခရီးစဉ်တိုင်းတွင် တရားဝင်ခွင့်ပြုထားသည့် ခရီးသည် အရေအတွက်ထက် ကျော်လွန်‌ေနခြင်းကုိ ခွင့်မပြုဘဲ တားဆီးရမည် ဖြစ်သည်။ 

သတ်မှတ်ချက်အရ ခွင့်ပြုထားသည့် ထိုင်ခုံအရေအတွက်ထက် ပိုမိုတပ်ဆင်လိုပါက တရားဝင် ခွင့်ပြုချက် ရယူရမည်။ 

အခြားအများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များတွင် မတ်တတ်ရပ် စီးရန် သတ်မှတ်ထားသည့် နေရာမှအပ ကျန်နေရာများတွင် ခရီးသည် မတ်တတ်ရပ်၍ စီးနင်းခြင်းကို ခွင့်မပြုပါ။ 

ခရီးသည်သည် ယာဉ်အပြင်သို့ ဦးခေါင်း အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်း မထုတ်ရန်လည်း တားမြစ်ထားသည်။


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 513 times