ထိုင်းဝန်ကြီးချုပ် အီးဗီ ကိုယ်တိုင်မောင်းပြီး ရုံးတက်


ထိုင်းဝန်ကြီးချုပ် အီးဗီ ကိုယ်တိုင်မောင်းပြီး ရုံးတက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်  ဆရီထာ ထာဝီဆင်သည် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁) နံနက်က ၎င်း၏ နေအိမ်မှ အစိုးရအိမ်တော်သို့ လျှပ်စစ်ကား ကိုယ်တိုင်မောင်းနှင်ပြီး ရုံးတက်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် Mr Srettha သည် အစိုးရအိမ်တော်မှာ အီးဗီ မူဝါဒရေးရာ ကော်မတီ ယခုနှစ် ပထမဆုံးအကြိမ် အစည်းအဝေးကို နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ စတင်ကျင်းပဖို့ စီစဉ်ထားပါသည်။ 

ဝန်ကြီးချုပ်သည် ဘန်ကောက်လိုင်စင် ကားနံပါတ် Sor Thor 30 ဖက်ဖူးရောင် Fiat Abarth 500 EV ကားငယ်တစ်စီးဖြင့် ရောက်ရှိလာသည်။ 

၎င်းအီးဗီကို ဝန်ကြီးချုပ် ကိုယ်တိုင်မောင်းနှင်ပြီး လုံခြုံရေးယာဉ်တန်းနှင့်အတူ လိုက်ပါခဲ့သည်။ 

၎င်းကားအသစ် ဈေးကွက်ပေါက်ဈေးမှာ ဘတ် ၂ ဒသမ ၃၈ သန်း ဖြစ်ပါသည်။

Mr Srettha က ကိုယ်တိုင် ကားမောင်းရတာကို ကြိုက်ကြောင်း၊ မွေ့လျော်ကြောင်း ပြောကြားသည်။

“ကျွန်‌ေတာ့ရဲ့ ပျော်ရွှင်မှုတွေထဲက တစ်ခုက တစ်ခါတလေ ကားမောင်းရတာ ဖြစ်ပါတယ်။ ကျွန်တော်က စီးပွားရေးသမားဘဝတုန်းက ကားမောင်းခဲ့ပါတယ်။ ဒီကားက ကျွန်တော့သမီးရဲ့ ကားပါ။ ကျွန်တော် အရမ်းကြိုက်တယ်။ အရောင်လေးက လှပြီး ချစ်စရာလေး။ ပြီးတော့ ကားက လျှပ်စစ်ကားပါ" ဟု ဝန်ကြီးချုပ်က X  နှင့် Facebook တွင် ပို့စ်တစ်ခု ရေးပြီး တင်ခဲ့သည်။

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 208 times