၂၀၂၃ ခုနှစ်တွင်  ကားဈေး မြင့်တက်မည်ဟု ထိုင်းစက်မှုအသင်းချုပ် ပြောကြား


၂၀၂၃ ခုနှစ်တွင်  ကားဈေး မြင့်တက်မည်ဟု ထိုင်းစက်မှုအသင်းချုပ် ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ခုနှစ်တွင် ကားစျေးနှုန်းများ ၅~၁၀% မြင့်တက်လာရန် မျှော်လင့်ထားကြောင်း ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ်  Federation of Thai Industries (FTI) က ပြောကြားသည်။
ဈေးနှုန်းအသစ်များကို ပြည်တွင်းဈေးကွက်အတွက်သာမက ပြည်ပတင်ပို့မည့် ကားများတွင်လည်း တိုးမြှင့်သတ်မှတ်မည် ဖြစ်ကြောင်း  FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။
မော်တော်ယာဉ်သုံး ချစ်ပ် အလုံအလောက်မရခြင်း၊ ကုန်ကြမ်းပစ္စည်းများ ဈေးတက်ခြင်း၊ ယာဉ်အစိတ်အပိုင်းများ ဈေးတက်ခြင်းတို့ကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် လျှပ်စစ်ခွန် (မီတာခ) တိုးမြှင့် ကောက်ခံမည် ဖြစ်ခြင်းကြောင့် လည်းကောင်း ကားဈေးတက်ရသည်ဟု ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံမှ Energy Regulatory Commission (ERC) က လုပ်ငန်းသုံးကို တစ်ယူနစ် ( တစ်ကီလိုဝပ်-နာရီ) အတွက် ဘတ် ၂၀.၅% တိုးပြီး  ၅.၆၉ ဘတ် ကောက်ခံမည်ဟု ကြေညာခဲ့သည်။ လက်ရှိမှာ ၄.၇၂ ဘတ် ကောက်ခံသည်။
FTI ဦးဆောင်သော လုပ်ငန်းရှင်များက ဝန်ကြီးချုပ်ထံ မီတာခ လျှော့ချပေးရန် တောင်းဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်က စွမ်းအင်အတွက် တာဝန်ရှိသူများကို မီတာခ လျှော့ချထားနိုင်ရန် နည်းလမ်းများ ရှာကြံကြဖို့ ပြောကြားခဲ့သည်။
ERC က ၂၀.၅%အစား ၁၃% တိုးမည်ဟု ပြင်ဆင်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ရာ နှုန်းထားအသစ်သည် တစ်ယူနစ် ၅.၃၃ ဘတ် ဖြစ်ပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 440 times