၂၀၂၃ တွင် ထိုင်းမှာ မော်တော်ဆိုင်ကယ် စီးရေ ၂ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း


၂၀၂၃ တွင် ထိုင်းမှာ မော်တော်ဆိုင်ကယ် စီးရေ ၂ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုအပေါ်  စိုးရိမ်မှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် ယမန်နှစ်ထက် ၄.၁၈ % တိုးလာမည်ဟု ခန့်မှန်းထားပြီး အစီးရေ ၂.၁ သန်းအထိ ရှိလာမည်ဖြစ်သည်။

"ခရီးသွားလုပ်ငန်းနှင့် တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်ခြင်းရဲ့ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကြောင့် ထိုင်းနိုင်ငံ စီးပွားရေး ဆက်လက် ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။အဲဒါက မော်တော်ဆိုင်ကယ် ဝယ်လိုအား မြင့်တက်ဖို့ ကူညီလိမ့်မယ်" ဟု  FTI ၏ ဒုဥက္ကဋ္ဌနှင့် ၎င်း၏ မော်တော်ကားလုပ်ငန်းကလပ်မှ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။ 

ဘက်စုံသုံးအင်ဂျင်များ ထုတ်လုပ်ဖြန့်ဖြူးသည့် Thai Honda Co ကလည်း  ယခုနှစ် ၂၀၂၃ တွင်  မော်တော်ဆိုင်ကယ်ရောင်းချမှုနှင့် ပတ်သက်၍ အကောင်းမြင်ပါသည်။

FTI သည် ပြည်တွင်းဈေးကွက်အတွက် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုသည် စုစုပေါင်း ထုတ်လုပ်မှု၏ ၈၃ ရာခိုင်နှုန်းရှိပြီး အစီးရေ ၁.၇၅ သန်းအထိ ရှိမည်ဟု မျှော်မှန်းထားသည်။
ကျန်အစီးရေ ၃၅၀,၀၀၀ ကို ပြည်ပသို့ တင်ပို့မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ် ၂၀၂၂ ခုနှစ်က မော်တော်ဆိုင်ကယ်အသစ်များ စုစုပေါင်းထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်ထက် ၁၃.၂% တိုးတက်ခဲ့ပြီး အစီးရေ ၂ သန်းရှိကြောင်း FTI မှ စာရင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ပြည်တွင်းရောင်းအားသည် ၂၀၂၁ ခုနှစ်ထက်  ၁၁.၅% တိုးလာခဲ့ပြီး စီးရေ ၁.၇ သန်း ရောင်းချခဲ့သည်ဟု FTI က အစီရင်ခံတင်ပြခဲ့ပါသည်။ ပြည်ပသို့ စီးရေ ၁.၀၃ သန်း တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက်  ၇.၁၃% တိုးခဲ့ပါသည်။

"၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုက ပို့ကုန်နဲ့ ပြည်တွင်း စားသုံးသူတွေရဲ့ ဝယ်ယူမှုစွမ်းအားကို ထိခိုက်နိုင်တာကြောင့် ထိုင်းနိုင်ငံမှာ မော်တော်ဆိုင်ကယ်ရောင်းချရမှု အစီးရေ ၁.၇၅ သန်းအထိသာ ရှိလိမ့်မယ်လို့ လျှော့ချ မျှော်လင့်ထားပါတယ်" ဟု Mr Kimura မှ ပြောကြားခဲ့သည်။

Thai Honda သည် ၂၀၂၂ ခုနှစ်နည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း ရောင်းအား အစီးရေ ၁.၃၈ သန်းရရှိရန် ရည်မှန်းထားသည်။
၂၀၂၂ ခုနှစ်တွင် Honda Scoopy ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါသည်။
Source Bangkokpost 
 

Read 344 times