ထိုင်းစျေးကွက် ၂၀၂၃ ခုနှစ်တွင် တိုယိုတာ ရောင်းအားလျော့ကျသော်လည်း ဆက်လက်ဦးဆောင် 


ထိုင်းစျေးကွက် ၂၀၂၃ ခုနှစ်တွင် တိုယိုတာ ရောင်းအားလျော့ကျသော်လည်း ဆက်လက်ဦးဆောင် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

BYD နှင့် Great Wall အပါအဝင် တရုတ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံ၏ မော်တော်ကားအသစ်ဈေးကွက်တွင် ၂၀၂၃ ခုနှစ်မှာ ‌ယခင်နှစ်ထက် ဝေစု ၂ ဆတိုးပြီး ဈေးကွက်ဝေစု ၁၁ % အထိ ရရှိခဲ့ကြသည်။

တရုတ်ကားထုတ်လုပ်သူများသည် အဓိကအားဖြင့် အီးဗီရောင်းအားဖြင့် ဈေးကွက်ဝေစု ပိုမိုရရှိခဲ့ကြပြီး ထိုင်းကားဈေးကွက်ကို ကြီးစိုးထားသည့် ဂျပန်ကားထုတ်လုပ်သူများ ဈေးကွက်ဝေစု လျော့ကျသွားခဲ့ပါသည်။ 

တရုတ်ကားထုတ်လုပ်သူများ၏ စုစုပေါင်းစျေးကွက်ဝေစုသည် ၆% ခန့် တိုးလာသည်။

 

ထိုင်းကားအသစ်ဈေးကွက်တွင် အိမ်စီးကားနှင့် လုပ်ငန်းသုံးယာဉ်များ စုစုပေါင်း ၇၇၅,၇၈၀ စီး ရောင်းချခဲ့သည်။ ယခင်နှစ်ထက် ၉% လျော့ကျသည်ဟု Toyota Motor ၏ ထိုင်းလုပ်ငန်းခွဲက အချက်အလက် ထုတ်ပြန်သည်။

BYD သည် အစီးရေ ၃ သောင်းခန့် ရောင်းချခဲ့ပြီး  စျေးကွက်ဝေစု ၄% နီးပါး ရရှိသည်။ 

 

အီးဗီ ထုတ်လုပ်သူ BYD သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကြိုတင်အမှာစာ တင်ထားသူများထံသို့ အစီးရေ ၃၀၀ ဝန်းကျင် ကားအပ်နှံခဲ့သည်။ 

၂၀၂၃ ခုနှစ်တွင် အရောင်းရဆုံးစာရင်းတွင် BYD သည် ဆဌမနေရာကို ရရှိသည်။ နီဆန်းနှင့် မာဇဒါတို့ကို ကျော်တက်ခဲ့သည်။ ယခုနှစ်တွင် ထိုင်းမှာ ကားများ စတင်ထုတ်လုပ်မည်။ 

 

 Great Wall Motor သည် ယခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၌ အီးဗီများကို စတင်ထုတ်လုပ်ခဲ့သည်။

 

SAIC Motor ၏ အမှတ်တံဆိပ် MG Motor သည်လည်း ယခုနှစ်မှာ ထိုင်းတွင် ကားများ စတင်ထုတ်လုပ်မည်။ 

 

 ထိုင်းနိုင်ငံတွင် အီးဗီ ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၇၆,၄၁၄ စီးအထိ ရောက်ရှိခဲ့သည်။ ယခင်နှစ်ထက် ၇.၈ ဆ ဖြစ်ပါသည်။ 

BYD အီးဗီများ အရောင်းရဆုံးဖြစ်ပြီး အီးဗီဈေးကွက်တွင် ဝေစု ၄၀% ရရှိပါသည်။ 

 

ထိုင်းအီးဗီဈေးကွက်တွင် တရုတ်အီးဗီများက ဈေးကွက်ဝေစု ၈၀% ဝန်းကျင်ရရှိထားပါသည်။ 

 

တရုတ်အီးဗီများသည် ထိုင်းနိုင်ငံတွင် အီးဗီများ ပိုမို သုံးစွဲလာအောင် ဖန်တီးပေးနိုင်လိမ့်မည်။ ပြည်တွင်းမှာ အီးဗီများ တပ်ဆင်ထုတ်လုပ်ခြင်းအပြင် ဘက်ထရီထုပ်များ ထုတ်လုပ်ခြင်း၊ ယာဉ်အစိတ်ပိုင်းများ ထုတ်လုပ်ခြင်းဖြင့် ကုန်ကျစရိတ်များ လျှော့ချနိုင်စေမည် ဖြစ်ပါသည်။

 

တိုယိုတာသည် ထိုင်းနိုင်ငံတွင် ကားသစ်ရောင်းအား ၈% ကျဆင်းသွားခဲ့သည်။ သို့သော် ဈေးကွက်ဝေစု ၃၄% ဖြင့် ဦးဆောင်သူနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါသည်။ 

 

ဈေးကွက်ဝေစု ဒုတိယအများဆုံးမှာ Isuzu Motors ဖြစ်ပြီး ၂၀% ရရှိထားသည်။

 

အီဇူးစူးနှင့် မစ်စူဘီရှီ တို့သည် လုပ်ငန်းသုံး ပစ်ကပ်ထရပ်ကားများ ရောင်းအားအပေါ်  အဓိက အားထားပါသည်။ ထိုင်းဈေးကွက်တွင် လုပ်ငန်းသုံး ပစ်ကပ်ထရပ်ကားများ ရောင်းအားကျဆင်းခဲ့သဖြင့် အီဇူးစူးနှင့် မစ်စူဘီရှီတို့၏ ရောင်းအားကို ထိခိုက်စေခဲ့ပါသည်။

Mitsubishi Motors သည် ဈေးကွက်ဝေစု ၄% ဖြင့် ပဉ္စမနေရာကို ရရှိသည်။ ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ရောင်းအား ၃၅% ကျဆင်းခဲ့သည်။

 

ဈေးကွက်ဝေစု ၁၂% ရရှိသည့် Honda Motor သည် တတိယနေရာကို ရရှိသည်။ ရောင်းအား ၁၄% တိုးခဲ့သည်။ 

ဂျပန်ကားထုတ်လုပ်သူများ၏ စုစုပေါင်းစျေးကွက်ဝေစုသည် ၂၀၂၃ ခုနှစ်တွင် ၇၈% ရှိပြီး ၂၀၂၂ ခုနှစ်ထက် ၈%  ကျဆင်းသွားခဲ့ပါသည်။

 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 223 times