အားသွင်းရုံ လုပ်ကိုင်လိုသူများကို ချေးငွေ ပေးမည်ဟု ထိုင်းအစိုးရ ပြောကြား


အားသွင်းရုံ လုပ်ကိုင်လိုသူများကို ချေးငွေ ပေးမည်ဟု ထိုင်းအစိုးရ ပြောကြား

ထိုင်းအစိုးရ အသေးစားနှင့် အလတ်စား အရွယ်အစားရှိ လုပ်ငန်းများ small and medium-sized enterprises (SMEs) နှင့် လုပ်ငန်းငယ် အသစ် startup များက လျှပ်စစ်မော်တော်ယာဉ်များ Electric Vehicles (EVs) အတွက် အားသွင်းရုံ ထူထောင်လုပ်ကိုင်လိုပါက အတိုးနှုန်းသက်သာသည့် ချေးငွေများ ပေးမယ်လို့ ပြောကြားပါတယ်။

စွမ်းအင်ဝန်ကြီး Supattanapong Punmeechaow က တစ်နိုင်တစ်ပိုင် လုပ်ကိုင်တဲ့ အီးဗီ အားသွင်းရုံကို အထောက်အကူပေးတဲ့ အစီအစဉ်ကို ရှေ့လတွင် စတင်မှာ ဖြစ်ပြီး အားသွင်းရုံမှာ ရင်းနှီးမြှုပ်နှံမယ့် SME များနှင့် startup များကို အတိုးနှုန်းသက်သာသည့် ချေးငွေ ပေးအပ်မယ်လို့  ပြောကြားပါတယ်။

ချေးငွေများကို ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ Board of Investment [BoI] မှတစ်ဆင့် ပေးအပ်မှာ ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားပါတယ်။

ယခုနှစ် ဧပြီလ ၇ ရက်မှာ BoI က အီးဗီများအတွက် အားသွင်းရုံများမှာ ရင်းနှီးမြှုပ်နှံခြင်းအတွက် မက်လုံးများနှင့် သတ်မှတ်ပြဋ္ဌာန်းချက်များ အတည်ပြုပေးခဲ့ပါတယ်။ အားသွင်းရုံများအတွက် တတပ်တအား ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

ပြန်လည်ပြင်ဆင် သတ်မှတ်ထားတဲ့ မက်လုံးများအရ အသေးစား အားသွင်းရုံများအနေဖြင့်  ၃ နှစ် အခွန်‌ေလျှာ့‌ေပါ့ခံစားခွင့်များကို ရရှိနိုင်ပါတယ်။

လက်ရှိတွင် ပေးအပ်ထားပြီးဖြစ်တဲ့ ကော်ပိုရိတ်ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်ပေးထားတာအပြင် ထပ်ဆောင်းပေးတဲ့ အခွန်သက်သာခွင့်များ ဖြစ်ပါတယ်။

မက်လုံးသတ်မှတ်ချက်မှာ အကျုံးဝင်ဖို့အတွက် 

  •  အားသွင်းစက် ၄၀ ထက်မနည်း ရှိ‌နေတဲ့ အားသွင်းစခန်းများမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုပေးထားရမှာ ဖြစ်ပြီး
  • ၎င်းအားသွင်းစက်များမှာ အနည်းဆုံး ၂၅% က  DC (direct current တိုက်ရိုက်လျှပ်စီးကြောင်း) အမျိုးအစား အားသွင်းစက်တွေ

ဖြစ်ရပါမယ်။

ISO certification လိုအပ်ကြောင်း ယခင်ကပြဋ္ဌာန်းထားတာကို ရုပ်သိမ်းလိုက်ပါတယ်။ ISO certification မလုပ်သေးဘဲ လုပ်ငန်းစလုပ်လို့ ရမှာ ဖြစ်ပါတယ်။ 

ယခင်က သီးခြား ရပ်တည်တဲ့ အားသွင်းစခန်းများ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။ ဟိုတယ်များ၊ ကွန်ဒိုမီနီယံများ စသည့် နေရာမျိုးများမှာ အားသွင်းပွိုင့်များ ထားရှိပါက ယခင်က အကျုံးမဝင်သော်လည်း ယခုအခါ ထည့်သွင်းရေတွက်ပေးမှာ ဖြစ်ပါတယ်။ 

BoI က ၂၀၂၂ ဖေဖော်ဝါရီလ ၂၈ ရက်အထိ အတည်ပြုပေးထားတာ စီမံကိန်း ၃ ခုသာ ရှိပါသေးတယ်။

ထိုင်းအစိုးရ ရည်မှန်းချက်က ၂၀၂၅ မှာ ဒီစီအားသွင်းစခန်း ၂,၂၀၀~၂,၄၀၀ ထားရှိရန်ဖြစ်ပြီး ၂၀၃၀ မှာ အားသွင်းစခန်း ၁,၂၀၀၀ ထားရှိပေးရန် ဖြစ်ပါတယ်။

#MyanmarAutomobileGuide 

 Telegram Channel

https://t.me/Guid4U/305

https://t.me/Guid4U

Read 450 times