ထိုင်းဟွန်ဒါ ရောင်းအားကျမည် ခန့်မှန်း


ထိုင်းဟွန်ဒါ ရောင်းအားကျမည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခုနှစ်အတွင်း ထိုင်း ပြည်တွင်း မော်တော်ဆိုင်ကယ် ရောင်းအား အစီးရေ ၁.၇ မှ ၁.၇၅ သန်းသို့ ကျဆင်းမည်ဟု မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Thai Honda Co  က ခန့်မှန်းထားသည်။

 

ဟွန်ဒါ မော်တော်ဆိုင်ကယ်များ ရောင်းအားသည် ယခုနှစ်တွင် အစီးရေ ၁.၃-၁.၃၅ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ 

 ၂၀၂၃ ခုနှစ်တွင် ရောင်းချခဲ့သည့် အစီးရေ ၁.၄၇ သန်းထက် လျော့နည်းမည် ဖြစ်သည်။ 

 

ထိုင်းနိုင်ငံတွင် အိမ်ထောင်စု ကြွေးမြီ မြင့်မားနေသဖြင့် ဘဏ်ချေးငွေအတွက် မူဝါဒစည်းမျဉ်းစည်းကမ်းများ တင်းကျပ်သဖြင့် မော်တော်ဆိုင်ကယ် ဝယ်ယူရန်အတွက် ဘဏ်ချေးငွေ ရယူဖို့ အခက်အခဲရှိနေမည် ဖြစ်သဖြင့် ရောင်းအား လျော့ကျမည်ဟု ထိုင်းဟွန်ဒါကုမ္ပဏီက ခန့်မှန်းထားသည်။

 

ထိုင်းနိုင်ငံတွင် ယမန်နှစ်က မော်တော်ဆိုင်ကယ်ရောင်းအား စုစုပေါင်း အစီးရေ ၁.၈၈ သန်းရှိခဲ့သည်။

 

ထိုင်းဘဏ်နှင့် ဘဏ္ဍာရေးမူဝါဒရုံးတို့ ပူးပေါင်းရေးဆွဲထားသည့် စီမံချက်တွင် မော်တော်ဆိုင်ကယ် ဝယ်ယူရန်အတွက် ချေးငွေကို စိစစ်ရန် ညွှန်ကြားထားသည်။ ၎င်းစီမံချက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် စတင်ခဲ့သည်။ 

စီမံချက်သည် မိသားစု ကြွေးမြီ ရေချိန်ကို ဆီလျော်သည့် ရေချိန်သို့ လျော့ကျစေရန် ရည်ရွယ်ထားသည်။ ချေးငွေကြောင့် ဝန်မပိစေရန် တားဆီးထားမည် ဖြစ်သည်။ 

 

ယမန်နှစ်က ထိုင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီသည် ဂျီဒီပီ၏ ၉၀% ကျော်အထိ ရောက်ရှိနေသည်။

ထိုင်းဟွန်ဒါ၏ ဥက္ကဋ္ဌ Shigeto Kimura က "စီမံချက်ရဲ့ အကျိုးသက်ရောက်မှုက ရေရှည်မှာ သက်သာလာမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသည်။

 

ယခုအခါ ဆန်စပါး ဈေးကောင်းသဖြင့် လယ်သမားများ ဝင်ငွေ တိုးကြသော်လည်း ထိုသို့ ဝင်ငွေ တိုးခြင်းကြောင့် မော်တော်ဆိုင်ကယ် ရောင်းအား မြင့်တက်မည်ဟု မမျှော်လင့်နိုင်ကြောင်း Kimura က ပြောကြားသည်။

ယမန်နှစ်က ထိုင်းဟွန်ဒါ ရောင်းအားတွင် မေည်ဒယ်အသစ် Giorno Plus ရောင်းအား အဓိကကျခဲ့သည်ဟု Mr Kimura က ပြောကြားသည်။

 

 

 

 

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 565 times