Thai Honda က လျှပ်စစ်မော်တော်ဆိုင်ကယ် တိုးချဲ့ ထုတ်လုပ်မည်


Thai Honda က လျှပ်စစ်မော်တော်ဆိုင်ကယ် တိုးချဲ့ ထုတ်လုပ်မည်

မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး လုပ်ကိုင်တဲ့ Thai Honda Manufacturing Co က ထိုင်းမော်တော်ဆိုင်ကယ်ဈေးကွက် ယခုနှစ်မှာ ၂% ကြီးထွားမယ်လို့ ခန့်မှန်းထားပြီး ကုမ္ပဏီက လျှပ်စစ်မော်တော်ဆိုင်ကယ် အပိုင်းအကန့်မှာ ချဲ့ထွင်လုပ်ကိုင်သွားမယ်လို့ ပြောကြားပါတယ်။

ယခုလို ကြိုတင်ခန့်မှန်းရတဲ့ အကြောင်းတသ်ချက်က ပြီးခဲ့တဲ့နှစ်မှာ ကြိုတင်အမှာ စီးရေ ၅၀,၀၀၀ ကျော် ရရှိခဲ့လို့ ဖြစ်ပါတယ်။


Thai Honda ကုမ္ပဏီက  ပြည်တွင်းနှင့် ပြည်ပဈေးကွက်တို့တွင်  လျှပ်စစ်မော်တော်ဆိုင်ကယ်များ ရောင်းချရန် အလားအလာ  ဖြစ်နိုင်ခြေလေ့လာမှုကို ပြုလုပ်နေပါတယ်။
Thai Honda Manufacturing ရဲ့ က္ကဋ္ဌ Shiketo Kimura က "ထိုင်းမှ အီးဗီ EV [electric vehicle] လုပ်ငန်းကဏ္ဍက အစိုးရက အားပေး ထောက်ကူနေတဲ့ ကျေးဇူးကြောင့် ဆက်လက်ကြီးထွားဖွယ် ရှိနေပါတယ်" လို့ ပြောကြားပါတယ်။

 

"ကျွန်တော်တို့ ယူဆထားတာက လာမယ့် နှစ်နှစ်အတွင်းမှာ လျှပ်စစ်မော်တော်ဆိုင်ကယ် ဝယ်ယူမှု စီးရေ ၂၀၀,၀၀၀ ရောက်ရှိတဲ့အခါ ထိုင်းမှာ လျှပ်စစ်မော်တော်ဆိုင်ကယ် ဈေးကွက် ဖြစ်ပေါ်လိမ့်မယ်" လို့ သူက ပြောပါတယ်။
 

Honda က ထိုင်းမှာ စီးပွားရေး ပြန်နာလန်ထူတဲ့အတွက်ကြောင့်  ထိုင်းမော်တော်ဆိုင်ကယ်ဈေးကွက်က ၂၀၂၂ မှာ ၂% ကြီးထွားပြီး စီးရေ ၁.၆၄ သန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ Honda မော်တော်ဆိုင်ကယ် အရောင်း ၅% တိုးပြီး စီးရေ ၁.၃ သန်း ရောင်းရမယ်လို့ ခန့်မှန်းထားကြောင်း Shiketo Kimura က ‌ေြပာကြားပါတယ်။

  
ထိုင်းမော်တော်ဆိုင်ကယ်ဈေးကွက်မှာ ၂၀၂၁ တွင် စီးရေစုစုပေါင်း ၁.၆၁ သန်း ရောင်းချခဲ့ပြီး Honda က စီးရေစုစုပေါင်း ၁.၂၃ သန်း ရောင်းချခဲ့ပါတယ်။
"ထိုင်း စီးပွားရေး နာလန်ထတာနဲ့အတူ မော်တော်ဆိုင်ကယ်ဈေးကွက်လည်း ဖြည်းဖြည်းချင်း နာလန်ထလိမ့်မယ်လို့ Honda က မျှော်မှန်းထားပါတယ်" လို့ Mr Kimura က ပြောကြားပါတယ်။
A.P. Honda Co., Ltd., Thai Honda Manufacturing Co., Ltd., နှင့် HPD Co., Ltd.,တို့ကို ကုမ္ပဏီတစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး 
Thai Honda Manufacturing Co., Ltd အမည်ဖြင့် ၂၀၂၁ မတ်လမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

Honda က ထိုင်းနိုင်ငံမှာ အဓိက မော်တော်ဆိုင်ကယ်ထုတ်လုပ်သူ ဖြစ်နေခဲ့တာ နှစ်ပေါင်း ၃၃ နှစ် ရှိပါပြီ။

ထိုင်းနိုင်ငံမှာ မော်တော်ဆိုင်ကယ် အမျိုးအစားအရ အပိုင်းအကန့် ၃ ခု ရှိပါတယ်။
မိသားစုသုံး မော်တော်ဆိုင်ကယ် အမျိုးအစားက ထိုင်းဈေးကွက်မှာ လူကြိုက်အများဆုံး ရေပန်းအစားဆုံး ဖြစ်ပါတယ်။ 
AT (automatic) က ဒုတိယအရောင်းရဆုံး အမျိုးအစား ဖြစ်ပါတယ်။
တတိယနေရာမှာ sport အမျိုးအစား ဖြစ်ပါတယ်။

Mr Kimura က ပြောပြတာမှာ Honda Wave 110i model က ထိုင်းနိုင်ငံမှာ အရောင်းရဆုံး မော်တော်ဆိုင်ကယ် ဖြစ်ပြီး စီးရေ ၅၃၀,၄၀၈ စီး ရောင်းခဲ့ပါတယ်။ ဈေးကွက်ဝေစု ၅၂% ရရှိထားပါတယ်။


Honda က တစ်နှစ်လျှင် စီးရေ ၁.၇၆ သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ၈၂% ကို ထိုင်းပြည်တွင်းမှာ ရောင်းချပါတယ်။ ကျန်တဲ့ အရေအတွက်ကို ပြည်ပသို့တင်ပို့ပါတယ်။
bangkokpost.com

 

Read 7427 times