ထိုင်းနိုင်ငံ စက်တင်ဘာလ အရောင်းရဆုံး အီးဗီ ထိပ်တန်း(၁၀)


ထိုင်းနိုင်ငံ စက်တင်ဘာလ အရောင်းရဆုံး အီးဗီ ထိပ်တန်း(၁၀)

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွက် ထိုင်းနိုင်ငံ၏  မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ခြင်း အချက်အလက်များအရ စက်တင်ဘာလတွင် ထိုင်းနိုင်ငံမှာ အီးဗီ ၆,၈၇၅ စီး ရောင်းချခဲ့သည်။ 

BYD သည် ထိုင်း အီးဗီ စျေးကွက်ကို ဆက်လက် ဦးဆောင်နေကြောင်း တွေ့ရသည်။ စက်တင်ဘာလအတွင်းတွင် BYD သည် ထိုင်းနိုင်ငံတွင် အီးဗီ ၃,၂၄၂ စီး စံချိန်သစ်တင် ရောင်းချနိုင်ခဲ့သည်။ ဈေးကွက်ဝေစု ၄၇% ရယူပြီး ဦးဆောင်နေသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကို ကြည့်လျှင် ထိုင်းနိုင်ငံတွင် အီးဗီ ၅၀,၃၄၇ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။ ၃၆% သည် BYD အီးဗီများ ဖြစ်သည်။ 

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် ကားအမျိုးမျိုး ၅၀၀,၉၄၂ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။ ၁၀.၀၅% သည် အီးဗီများ ဖြစ်သည်။

လစဉ် ရောင်းအားအရ ကြည့်လျှင် ဇွန်လတွင် Neta အရောင်းရဆုံး ဖြစ်ခဲ့သည်။ ကျန်လများတွင် BYD အရောင်းရဆုံး ဖြစ်ခဲ့ပါသည်။

အီးဗီမော်ဒယ်များကိုကြည့်လျှင် BYD Dolphin နှင့် BYD ATTO 3 တို့ကို ထိုင်းမှာ လူကြိုက်များသည်။ 


Dolphin အနိမ့်ဆုံး ဈေးမှာ ဘတ် ၆၉၉,၉၉၉  (19,000 USD) ဖြစ်ပြီး ATTO 3 အနိမ့်ဆုံး ဈေးမှာ ဘတ် ၁,၀၉၉,၀၀၀ (29,800 USD) ဖြစ်ပါသည်။


ထိုင်းတွင် ရောင်းချသော BYD မော်ဒယ် ၃ မျိုး

 

BYD Seal

 

BYD ATTO 3

 

 

BYD Dolphin


Seal မော်ဒယ်သည်လည်း လူကြိုက်များနိုင်ပါသည်။
BYD သည်  Seal မော်ဒယ်ကို ထိုင်းဈေးကွက်သို့ စက်တင်ဘာ ၂၈ ရက်တွင် မိတ်ဆက်ခဲ့သည်။ အနိမ့်ဆုံး ရောင်းဈေးမှာ ဘတ် ၁,၃၂၅,၀၀၀ ဖြစ်ပါသည်။ အမှာစာ စတင်လက်ခံခဲ့ရာ ၁ နာရီအတွင်း အစီး ၁,၀၀၀ ကျော်အတွက် အမှာစာများ လက်ခံရရှိသည်အထိ တာထွက် ကောင်းခဲ့သည်။ အောက်တိုဘာလတွင် ကားအပ်နှံခြင်း စတင်မည် ဖြစ်သည်။


ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် အရောင်းရဆုံး အီးဗီ အမှတ်တံဆိပ် ၃ ခုမှာ
• BYD
• MG
• Neta
တို့ ဖြစ်ပါသည်။
၎င်းတို့အားလုံးသည် တရုတ်အီးဗီများ ဖြစ်ပြီး တရုတ်ပြည်မှာ ထုတ်လုပ်ပါသည်။

 


ထိပ်တန်း(၁၀) စာရင်းတွင် ပထမမှ ပဉ္စမအထိ Tesla မှလွဲလျှင် ကျန်သည်တို့မှာ တရုတ်အီးဗီများ ဖြစ်ပါသည်။
ထိုင်း အီးဗီဈေးကွက်တွင် တရုတ်အီးဗီများက ဈေးကွက်ဝေစု ၈၇% ရရှိထားပါသည်။

Source: AutolifeThailand

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2669 times