ထိုင်းအီးဗီ ရောင်းအား ၄ ဆ တိုး


ထိုင်းအီးဗီ ရောင်းအား ၄ ဆ တိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အစိုးရက အီးဗီများအတွက် နှစ်စဉ် ကုန်းလမ်းခွန် လျှော့ချပြီးနောက် ၂၀၂၃ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ယာဉ်သစ်များ ကနဦးမှတ်ပုံတင်ခြင်း လေးဆတိုးလာကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၃ ဘဏ္ဍာနှစ် (အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ) တွင် လျှပ်စစ်ကားအသစ် ၇၃,၃၄၁ စီး ကနဦးမှတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁၄,၆၉၆ စီး ကနဦးမှတ်ပုံတင်ခဲ့သည်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် Seksom Akaraphan က  ပြောကြားသည်။
နှိုင်းယှဉ်ကြည့်ပါက အီးဗီစီးရေ ၅၈,၆၄၅ ပိုများသည်။ ရာခိုင်နှုန်းအားဖြင့် ၃၉၉.၀၅% တိုးလာသည်ဟု ၎င်းက ဆိုသည်။

အီးဗီကားသစ်များအတွက် နှစ်စဉ် မှတ်ပုံတင်ခွန်ကို ၈၀% လျှော့ချပေးထားပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက် လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း Mr Seksom မှ ပြောကြားသည်။
အခွန်လျော့ပေါ့ပေးသည့် နှုန်းထားများမှာ ယာဉ်အလေးချိန် ၁,၈၀၀ ကီလိုဂရမ်အထိကို ဘတ် ၁,၆၀၀ အစား ဘတ် ၃၂၀ သာ စည်းကြပ်သည်။
ကိုယ်ပိုင် အီးဗီးဗင် ယာဉ်အလေးချိန် ၁,၈၀၀ ကီလိုဂရမ်အထိကို ဘတ် ၈၀၀ အစား ဘတ် ၁၆၀ စည်းကြပ်သည်။
လျှပ်စစ်မော်တော်ဆိုင်ကယ်ကို ဘတ် ၅၀ အစား ၁၀ ဘတ် စည်းကြပ်သည်ဟု ၎င်းက ပြောကြားသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 698 times