ထိုင်းအစိုးရသစ် အီးဗီ ထွန်းကားရေးအတွက် ဘတ် ၁ ဘီလီယံကျော် သုံးစွဲမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ ဝယ်ယူခြင်းနှင့် ထုတ်လုပ်မှုကို အားပေးကူညီရန် ဘတ် ၁.၀၂၄ ဘီလီယံ သုံးစွဲရန် ဝန်ကြီးအဖွဲ့သည် အင်္ဂါနေ့ (စက်တင်ဘာ ၂၆)တွင် သဘောတူညီခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုခဲ့သည့် EV3.0 မူဝါဒကို အကောင်အထည်ဖော်ရန် သုံးစွဲမည် ဖြစ်သည်။
EV3.0 မူဝါဒအရ အီးဗီ တင်သွင်းသူများကို အခွန်မက်လုံးများ ပေးအပ်မည်။ လျှပ်စစ်ကား ဝယ်ယူသူကို တစ်စီးလျှင် အများဆုံး ဘတ် ၁ သိန်းခွဲအထိ ထောက်ပံ့သည်။
မူဝါဒသည် ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်မည်။
အီးဗီ ဝယ်ယူခြင်းအတွက် ထောက်ပံ့ကြေးမှာ
ထိုင်းလျှပ်စစ်ယာဉ်အသင်း (EVAT) ၏အဆိုအရ ယခုနှစ် ပထမခုနစ်လအတွင်း ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားအစီးရေ ၃၇,၀၀၀ ခန့် ကနဦးမှတ်ပုံတင်ခဲ့ပါသည်။
EVAT သည် ၂၀၂၃ ခုနှစ်တွင် အီးဗီ အစီးရေ ၅ သောင်းကျော် ကနဦးမှတ်ပုံတင်မည်ဟု ခန့်မှန်းထားပါသည်။
Source thenationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL