အီးဗီကဏ္ဍ ဘတ် ၄ ၁ ဘီလီယံကျော် မက်လုံးအစီအစဉ် အတည်ပြု


အီးဗီကဏ္ဍ ဘတ် ၄ ၁ ဘီလီယံကျော် မက်လုံးအစီအစဉ် အတည်ပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


EV3.5 ဟုအမည်ပေးထားသည့် လျှပ်စစ်မော်တော်ကားကဏ္ဍ မက်လုံးပေးရေး အစီအစဉ်အသစ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်သည်။ 
၎င်း EV3.5 အစီအစဉ်သည် ထိုင်းနိုင်ငံတွင် အီးဗီလုပ်ငန်းကဏ္ဍ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် အလားအလာရှိသော နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို အားပေးတိုက်တွန်းသွားမည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) မှ ပြောကြားပါသည်။ 


ဘတ်ငွေ ၃၄.၁ ဘီလီယံ သုံးစွဲမည့် EV3.5 အစီအစဉ်တွင် အပြီးအစီး တပ်ဆင်ထားသော ကားများအတွက် သွင်းကုန်ခွန်များ လျှော့ချခြင်းနှင့် စည်းကြပ်ခွန် လျှော့ချခြင်း ပါဝင်သည်။ သို့ဖြစ်ရာ ပြည်ပမှ တင်သွင်းရောင်းချသည့် အီးဗီများ ဈေးသက်သာစေမည် ဖြစ်သည်။

EV3.5 အစီအစဉ် သက်တမ်းကာလဖြစ်သည့် ၂၀၂၄-၂၀၂၇ ခုနှစ်တွင် ပါဝင်မည့် ကားကုမ္ပဏီများသည် ၂၀၂၆ ခုနှစ်ထက် နောက်မကျ ထိုင်းပြည်တွင်းမှာ အီးဗီ စတင်ထုတ်လုပ်ဖို့ လိုအပ်ပါသည်။

FTI ၏ဒုတိယဥက္ကဋ္ဌနှင့် Automotive Industry Club ၏ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က "အဓိက အီးဗီထုတ်လုပ်သူများ ထိုင်းနိုင်ငံမှာ  ဆက်လက်ရောက်ရှိလာကြပြီး ရင်းနှီးမြှုပ်နှံကြလိမ့်မယ်" ဟု ပြောကြားသည်။

"ထိုင်းနိုင်ငံဟာ အင်ဂျင်ပါတဲ့ ကားတွေအတွက် အဓိက ထုတ်လုပ်မှု အခြေစိုက်ရာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဒေသတွင်း အီးဗီ အချက်အချာ ဖြစ်လာဖို့ အချိန်အကြာကြီး မယူသင့်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။

ကားဝယ်သူများသည် EV3.5 အစီအစဉ်ကြောင့် အီး‌ဗီ ဝယ်ယူရာတွင် ထောက်ပံ့ကြေး ရှိသဖြင့် ဈေးသက်သာသည့် အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း Mr Surapong မှ ပြောကြားခဲ့ပါသည်။

 

 

၂၀၂၄-၂၀၂၇ အထိ ဆောင်ရွက်မည့် ဒုတိယအဆင့်၊ EV3.5 အတွက် ဘတ် ၃၄.၁ ဘီလီယံ နှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် EV3 သက်တမ်းတိုးခြင်းအတွက် ဘတ် ၇.၁၂ ဘီလီယံ သုံးစွဲသွားမည် ဖြစ်သည်။ 
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 796 times