ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် သုံးစွဲမှု ပိုများလာ


ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် သုံးစွဲမှု ပိုများလာ

ထိုင်းနိုင်ငံတွင် ဟိုက်ဘရစ်လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထိုင်းစီးနင်းသူများကြား လူကြိုက်နည်းလာကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) မှပြောကြားပါတယ်။
ယခုနှစ် ပထမ ၇ လအတွင်း ကနဦးမှတ်ပုံတင်တဲ့ ဟိုက်ဘရစ်လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၃၄၂ ရှိပြီး ယခုနှစ်မှာ ယခင်နှစ်ထက် ၈၀% လျော့နည်းသွားကြောင်း FTI က ပြောကြားပါတယ်။

"ဝယ်လက်တွေက လျှပ်စစ်မော်တော်ဆိုင်ကယ်တွေကို ပိုစိတ်ဝင်စားပုံပေါ်တာကြောင့် လစဉ်ကျဆင်းသွားလိမ့်မယ်လို့  ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု FTI ရဲ့ မော်တော်ယာဥ်ကလပ် ဒုတိယဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားပါတယ်။
Source Bangkokpost
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 3793 times