ထိုင်းပြည်တွင်း ကားအသစ်ဈေးကွက် စက်တင်ဘာလတွင် ရောင်းအားမြင့်တက်


ထိုင်းပြည်တွင်း ကားအသစ်ဈေးကွက် စက်တင်ဘာလတွင် ရောင်းအားမြင့်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

ထိုင်းနိုင်ငံ ပြည်တွင်းကားအသစ်ဈေးကွက် ကားရောင်းအားသည် ယခုနှစ် စက်တင်ဘာလတွင် ယခင်နှစ် စက်တင်ဘာလထက် ၁၅.၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၇၄,၁၅၀ ရောင်းချခဲ့ပါသည်။

ကားမော်ဒယ်အသစ်များ ထွက်ခြင်း၊ ပြည်တွင်း စီးပွားရေး နာလန်ထလာခြင်းတို့ကြောင့် ကားအသစ်များ ရောင်းအားအခြေအနေ ကောင်းမွန်ခဲ့ကြောင်း ထိုင်းနိုင်ငံ စက်မှုအသင်းချုပ် Federation of Thai Industries (FTI)က ကြာသပတေးနြေ (အောက်တိုဘာ ၂၀) တွင် ပြောကြားသည်။ 

၂၀၂၂ တစ်နှစ်တာအတွက် ရောင်းအားမျှော်မှန်းချက်မှာ ၈၅၀,၀၀၀ စီးဖြစ်ပြီး အကယ်၍ ချစ်ပ် မလုံလောက်ခြင်း မရှိပါက ၉၀၀,၀၀၀ စီးအထိ ရောင်းချရဖွယ်ရှိကြောင်း FTI က ပြောကြားသည်။ 
 
ထိုင်းနိုင်ငံသည် Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူများအတွက် ဒေသတွင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် တင်ပို့ရေး အခြေစိုက်စခန်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုသည် ယခင်နှစ် စက်တင်ဘာလထက် ယခုနှစ် စက်တက်ဘာလတွင်  ၂၇ ဒသမ ၉၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၇၉၂၃၇ စီး ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဩဂုတ်လထက် ၆၄.၉၀% ပိုများပါသည်ာ
.
စက်တင်ဘာလတွင် မော်တော်ကားတင်ပို့မှုမှာ ယခင်နှစ်ကထက် ၃၅.၉၇% ခုန်တက်ခဲ့ပြီး ၁၀၀,၃၇၉ စီး တင်ပို့ခဲ့ကြောင်း FTI က ပြောကြားသည်။ 

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 2655 times