အစိုးရ အပြောင်းအလဲကြောင့် ထိုင်းကားဈေးကွက် ရောင်းအား ဆက်လက်ကျဆင်း


အစိုးရ အပြောင်းအလဲကြောင့် ထိုင်းကားဈေးကွက် ရောင်းအား ဆက်လက်ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတွင် အစိုးရသစ်နှင့် ၎င်း၏မူဝါဒများနှင့်ပတ်သက်၍ ပြည်တွင်းနိုင်ငံရေး မရေရာမှုများကြောင့် ယခု မေလအတွင်း ထိုင်းနိုင်ငံတွင် ကားရောင်းအား ဆက်လက်ကျဆင်းသွားဖွယ်ရှိကြောင်း Toyota Motor Thailand မှ ပြောကြားသည်။
.

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပခဲ့သည်။ Move Forward Party MFP က အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း အစိုးရဖွဲ့ရန် အမတ်အရေအတွက် မလုံလောက်သဖြင့် အခြားပါတီများနှင့်အတူ ညွှန့်ပေါင်းအစိုးရ ဖွဲ့ရမည်ဖြစ်ပြီး အောင်မြင်စွာ ဖွဲ့နိုင်မည်မှာ မသေချာသေးသဖြင့် ထွက်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်ကြရမည်ဖြစ်သည်။
ထိုသို့ မသေချာခြင်း‌ကြောင့် ကားအသစ်ဝယ်စီးရန် လောလောဆယ် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ထားကြသဖြင့် ကားရောင်းအား ဆက်လက်လျော့ကျ နေဦးမည်ဟု Toyota Motor Thailand ၏ ဒုတိယဥက္ကဋ္ဌ Suphakorn Rattanawaraha က ပြောကြားသည်။
.
“လူတွေက သူတို့ရဲ့ ကားအသစ်ဝယ်ယူဖို့ ရက်ရွှေ့ထားကြတာကြောင့် မေလမှာ ပြည်တွင်း ကားရောင်းအား ကျဆင်းဖို့ မျှော်လင့်ထားပါတယ်”ဟု ၎င်းက ပြောကြားသည်။
.
ဧပြီလတွင် ပြည်တွင်းရောင်းချမှုပမာဏသည် ယမန်နှစ်ထက် ၆.၁၄% ကျဆင်းခဲ့သည်။ အစီးရေ ၅၉,၅၃၀ ရောင်းချခဲ့သည်။
အိမ်ထောင်စု ကြွေးမြီမြင့်မားနေသဖြင့် ဘဏ်များက ကားဝယ်ရန်ချေးငွေကို သတ်မှတ်ချက်များ တင်းကျပ်ထားကြသဖြင့်လည်း ကားအသစ် ရောင်းအားထိခိုက်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) က ပြောကြားသည်။
ယခုနှစ် ပထမ ၄ လတွင်  ၂၇၆,၆၀၃ စီး‌ ရောင်းချခဲ့ပြီး ယမန်နှစ်ထက် ၆.၁၁% လျော့ကျသည်။
.
FTI ၏ ဒုတိယဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားစက်မှုလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က အသစ်ဖွဲ့စည်းထားသော အစိုးရသည် ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက ကား‌ဝယ်ရန် ချေးငွေအပေါ်  ယုံကြည်စိတ်ချမှုကို တိုးမြှင့်ပေးမည်ဟု ယုံကြည်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။
.
Toyota Motor Thailand သည် ဈေးကွက်ဝေစု အကြီးမားဆုံး ရရှိထားပြီး ဧပြီလတွင် ဈေးကွက်ဝေစု ၃၂.၉% ရရှိခဲ့သော်လည်း  ပြည်တွင်းကားရောင်းအားသည် ယမန်နှစ်ကထက် ၉.၈% ကျဆင်းသွားခဲ့ပြီး အစီးရေ ၂၉,၅၇၅ ရောင်းချခဲ့သည်။ 
ဒုတိယအများဆုံး ရောင်းချခဲ့သည့် Isuzu သည် ဈေးကွက်ဝေစု ၂၂.၄% ရရှိခဲ့ပြီး ဧပြီလ ရောင်းအားသည် ယမန်နှစ်ကထက် ၁၉.၆% လျော့ကျသည်။ ၁၃,၃၃၆ စီး ရောင်းချခဲ့သည်။
.
Honda သည် ဧပြီလ ရောင်းအား ၆,၄၀၉ စီး ရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၅.၅% လျော့ကျသည်။ ဈေးကွက်ဝေစု ၁၀.၈% ရရှိခဲ့သည်။

source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 209 times