ထိုင်းကားအသစ်ဈေးကွက် Toyota ဆက်လက်ကြီးစိုး


ထိုင်းကားအသစ်ဈေးကွက် Toyota ဆက်လက်ကြီးစိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

.
ထိုင်းနိုင်ငံ ပြည်တွင်း မော်တော်ကားအသစ်ဈေးကွက်သည် ၂၀၂၂ ခုနှစ် ပထမ ကိုးလတွင် ယခင်နှစ်ထက် ၁၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်း မော်တော်ယာဉ် ၆၃၃,၆၈၇ စီး ရောင်းချခဲ့သည်။
.
စက်တင်ဘာလ တစ်လတည်းတွင် ကားအစီးရေ ၇၄,၁၅၀ ရောင်းချခဲ့ရပြီး ယခင် ဩဂုတ်လထက် ၁၅.၆ ရာခိုင်နှုန်း ခုန်တက်သွားကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) ၏ မော်တော်ကားစက်မှုလုပ်ငန်းကလပ် The Automotive Industry Club က ထုတ်ပြန်ခဲ့သည်။
.
 တိုယိုတာသည် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်ဈေးကွက်ကို ဆက်လက်ကြီးစိုးထားပြီး  ကိုးလအတွင်း အစီးရေ ၂၀၈,၆၂၉ ရောင်းချခဲ့ပြီး ယမန်နှစ်ထက် ၂၅.၃% တိုးခဲ့သည်။
.
Isuzu သည် အစီးရေ ၁၆၃,၆၃၇ ရောင်းချခဲ့ပြီး ယမန်နှစ်ထက် ၂၄.၄% တိုးခဲ့သည်။
.
Honda သည်  အစီးရေ ၆၁,၂၈၁ စီးဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး ယမန်နှစ်ထက် 
၀.၁% ကျဆင်းခဲ့သည်။
.
အီးဗီ နှင့် ဟိုက်ဘရစ် ထုတ်လုပ်သူ Great Wall Motor သည် အဆင့် ၁၀ နေရာတွင် ရပ်တည်ခဲ့သည်။ စီးရေ ၈,၀၉၄ ရောင်းချခဲ့သည်။ ယမန်နှစ်ကထက် ၆၁၄.၄% ပိုများသည်။
.
Toyota Motor Thailand ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Surasak Suthongwan က ထိုင်းနိုင်ငံတွင် Covid-19 အခြေအနေသည် စတုတ္ထသုံးလပတ် စတင်ချိန်မှစ၍ ဆက်တိုက် တိုးတက်‌ေကာင်းမွန်နေခြင်း၊ ပြည်တွင်း မော်တော်ယာဥ်ဈေးကွက်တွင် မော်တော်ကား အရောင်းမြှင့်တင်ရေး ကမ်ပိန်းများကို လုပ်ဆောင်ကြခြင်း၊ ကားထုတ်လုပ်သူများမှ မော်ဒယ်သစ်များ မိတ်ဆက်ခြင်းတို့ကြောင့် ရောင်းအား အခြေအနေ ကောင်းမွန်နေစေသည်ဟု ဆိုသည်။ 
.
FTI မော်တော်ယဉ်အသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpattanapong က ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့မှုသည် ပြည်တွင်းခရီးသွားလာမှု၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှုကို အားကောင်းစေပြီး စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား မော်တော်ယာဉ်ဝယ်လိုအား တိုးမြင့်လာကြောင်း ပြောကြားသည်။
.
“မော်တော်ယာဥ် အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် တင်သွင်းမှုသည် ယခုနှစ်အတွင်း မှာကြားထားသူများထံသို့ ကားများကို လျာထားချက် ပြည့်မီအောင် ပို့ပေးနိုင်ခဲ့ကြပါတယ်။စျေးကွက်အတွက်  မော်တော်ယာဥ်သစ်များ အဆက်မပြတ်ထုတ်လုပ်နိုင်စေခဲ့ပါတယ်” ဟု Surapong မှ ပြောကြားခဲ့သည်။
Source nationthailand

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 377 times