ထိုင်းပြည်တွင်း ကားအသစ်ဈေးကွက် ဩဂုတ်လတွင် ရောင်းအားမြင့်တက်


ထိုင်းပြည်တွင်း ကားအသစ်ဈေးကွက် ဩဂုတ်လတွင် ရောင်းအားမြင့်တက်

ထိုင်းနိုင်ငံ ပြည်တွင်းကားအသစ်ဈေးကွက်တွင် ဩဂုတ်လမှာ ‌စီးရေ ၆၈,၂၀၈ ရောင်းချခဲ့ပြီး ယခင်နှစ် ဩဂုတ်လထက် ရောင်းအားစီးရေ ၆၁.၇၂% ပိုများခဲ့ကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) က ပြောကြားပါတယ်။ ယခင်နှစ် ဩဂုတ်မှာ ရောင်းအားကျဆင်းနေခဲ့ကြောင်းလည်း ပြောကြားပါတယ်။
၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွက် ကားအသစ်များ ရောင်းအား ရည်မှန်းချက်မှာ စီးရေ ၈၅၀,၀၀၀ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဟာ Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူများအတွက် ဒေသတွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာနှင့် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရေး အခြေစိုက်စခန်းဖြစ်ပါတယ်။
Source Bangkokpost
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 465 times