ထိုင်းနိုင်ငံ ကားထုတ်လုပ်မှုနှင့် အရောင်း နိုဝင်ဘာလတွင် ကျဆင်းခဲ့


ထိုင်းနိုင်ငံ ကားထုတ်လုပ်မှုနှင့် အရောင်း နိုဝင်ဘာလတွင် ကျဆင်းခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံတွင် ကားထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် ကျဆင်းခဲ့သည်။ စုစုပေါင်း အစီးရေ ၁၆၃,၃၃၇ စီး ထုတ်လုပ်ခဲ့သည်။
ပစ်ကပ်ထရပ်များ ထုတ်လုပ်မှု ဆက်လက်ကျဆင်းနေဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ 
အဖွဲ့ချုပ် Federation of Thai Industries (FTI)မှ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အဝယ်များကြသည့် ပစ်ကပ်ထရပ်များ ဝယ်ယူရန်အတွက် ဘဏ်ချေးငွေ ရရှိဖို့ ခဲယဉ်းနေခြင်းကြောင့် ပစ်ကပ်ထရပ်များ ရောင်းအား လျော့ကျသောကြောင့် ထုတ်လုပ်မှု လျှော့ချထားကြရသည်။ 

ထိုင်းနိုင်ငံသည် တိုယိုတာနှင့် ဟွန်ဒါအပါအဝင် ကမ္ဘာ့ထိပ်တန်း ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီအချို့အတွက် ဒေသတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်ပို့ရေး အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1229 times