ဧပြီလ ထိုင်းကားထုတ်လုပ်မှု ပစ္စည်းရှားပါးပြတ်လပ်မှုများကြောင့်ထိခိုက်


ဧပြီလ ထိုင်းကားထုတ်လုပ်မှု ပစ္စည်းရှားပါးပြတ်လပ်မှုများကြောင့်ထိခိုက်

ရုရှားရဲ့ ယူကရိန်းကျုးကျော်စစ်နှင့် တရုတ်နိုင်ငံ ကိုဗစ်လော့ဒေါင်းတို့ကြောင့် မော်တော်ယာဉ် ထုတ်လုပ်ရေးအတွက် လိုအပ်သော ယာဉ်ပစ္စည်ူများ ရှားပါးပြတ်လပ်သဖြင့် ထိုင်းမော်တော်ယာဉ် စက်မှုလုပ်ငန်းကဏ္ဍကို ထိခိုက်နေကြောင်း ထိုင်းစက်မှုအသင်းချုပ် Federation of Thai Industries (FTI) က မေလ ၂၃ ရက် တနင်္လာနေ့တွင် ပြောကြားသည်။
FTI ဒုဥက္ကဋ္ဌနှင့် ပြောရေးဆိုရေး တာဝန်ခံ Surapong Paisitpattanapong က မော်တော်ဆိုင်ကယ်များနှင့် ကားများ နှစ်မျိုးစလုံး ပြည်တွင်းရောင်းအားနှင့် ပြည်ပတင်ပို့မှု တို့ ဧပြီလမှာ မတ်လထက် ၃၁.၇၉% ကျဆင်းခဲ့ကြောင်း ပြောကြားပါတယ်။ ပစ္စည်းပြတ်လပ်သဖြင့် ထုတ်လုပ်မှုများ နှောင့်နှေးခဲ့တယ်လို့ ၎င်းက ပြောကြားပါတယ်။ 

ဧပြီလမှာ စီးရေ ၁၁၇,၇၈၆ ထုတ်လုပ်ခဲ့ပါတယ်။ ပထမ ၃ လပတ်မှာ စီးရေ ၅၉၇,၈၆၄ ထုတ်လုပ်ခဲ့ပါတယ်။ 
 ယမန်နှစ်နှင့် နိူင်းယှဉ်လျှင် ယခုနှစ်က အခြေအနေ ပိုကောင်းကြောင်း၊ ယမန်နှစ်က ကိုဗစ်ကပ်ရောဂါ အထွတ်အထိပ် ရောက်ရှိနေကြောင်း Surapong က ပြောကြားပါတယ်။ 

ဧပြီလမှာ မော်တော်ယာဉ်များ ဘတ် ၃၃.၄၈ ဘီလျံဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊ အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ၊ မြောက်အမေရိက၊ တောင်အမေရိက နိုင်ငံများသို့ အဓိကအားဖြင့် တင်ပို့ခဲ့ကြောင်း Surapong က ပြောကြားပါတယ်။ 

ထိုင်းပြည်တွင်းမှာ ဧပြီလအတွင်း ၆၃,၄၂၇ စီး ရောင်းချခဲ့ပါတယ်။ 
FTI ရဲ့ အချက်အလက်များအရ ၂၀၂၂ ပထမ ၃ လပတ်အတွင်း မော်တော်ဆိုင်ကယ် ၅၆၉,၉၉၂ စီး၊ မော်တော်ယာဉ် ၂၉၄,၆၁၆ စီး ကို ထိုင်း ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့ပါတယ်။

Read 396 times