၂၀၂၂ ထိုင်းကားထုတ်လုပ်မှု  ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့


၂၀၂၂ ထိုင်းကားထုတ်လုပ်မှု  ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကားထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၁၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစီးရေ ၁.၈၈ သန်းအထိ တိုးတက်လာခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries(FTI) က ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ပြည်တွင်းဈေးကွက်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ထရပ်ကားများ ရောင်းချမှုသည် ၁၁ ဒသမ ၉ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ ပြည်ပတင်ပို့မှု ၄.၃% မြင့်တက်ခဲ့သည်ဟု FTI ၏ မော်တော်ကားလုပ်ငန်းဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားသည်။


၂၀၂၂ ဒီဇင်ဘာလတွင် ၁၅၈,၆၀၆ စီး ထုတ်လုပ်ခဲ့သည်။ နိုဝင်ဘာလထက် ၁၅% ပိုများသည်။ ရောင်းအားမှာ ၉% ကျဆင်းခဲ့ပြီး ၈၂,၇၉၉ စီး ရောင်းချခဲ့သည်။ ပြည်ပတင်ပို့မှု ၁၀.၁% မြင့်တက်ခဲ့ပြီး ၁၁၁,၆၀၅ စီး တင်ပို့ခဲ့သည်။


ထိုင်းနိုင်ငံသည် တိုယိုတာနှင့် ဟွန်ဒါအပါအဝင် ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်သူအချို့အတွက် ဒေသတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ပို့ကုန်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။


ကားလုပ်ငန်းကဏ္ဍသည် နိုင်ငံစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အလုပ်အကိုင်များ၏  ၁၀% ခန့်ကို ပံ့ပိုးထားသည်။
 Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 148 times