ထိုင်းကားထုတ်လုပ်မှု လျာထားချက် မပြည့်မီ
Covid-19 ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီး ခရီးသွားလာမှု တိုးမြင့်လာမှုကြောင့် ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အစီးရေ ၆၇,၉၅၂ ရောင်းချခဲ့ပြီး ယခင်နှစ် ဇွန်လထက် ၄.၅၈% တိုးလာခဲ့တယ်လို့ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI)က တနင်္လာနေ့ (ဇူလိုင် ၂၅)မှာ ပြောကြားပါတယ်။
သို့သော် ပြီးခဲ့တဲ့ မေလတိုးနှုန်း ၁၅.၇၁% နှင့် နှိုင်းယှဉ်လျှင်တော့ ဇွန်လက သိသိသာသာ လျော့နည်းနေပါတယ်လို့ FTI က ပြောကြားပါတယ်၊
ယခုနှစ်မှာ စီးရေ ၁.၈ သန်း ထုတ်လုပ်ဖို့ လျာထားချက်ကို ပြည့်မီနိုင်ဖွယ် မရှိဘူးလို့ FTI က ဆန်းစစ်သုံးသပ်ပါတယ်။ အထူးသဖြင့် ကာလရှည်ကြာ ချသ်ပ်ပြတ်လပ်မှုကြောင့် စီးရေ လျှော့ထုတ်နေရတာကြောင့် လျာထားချက် ပြည့်မီဖို့ ခဲယဉ်းနေစေပါတယ်။
လျာထားချက် စီးရေ ၁.၈ သန်းမှာ စီးရေ ၁ သန်းကို ပြည်ပတင်ပို့ရန် ဖြစ်ပြီး ၈ သိန်းကို ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။
လက်ရှိစီးပွားရေးအခြေအနေအရ ယခုနှစ်တွင် စုစုပေါင်းထုတ်လုပ်မှုသည် အစီးရေ ၁.၇ သန်းအထိ လျော့ကျသွားနိုင်တယ်လို့ FTI ရဲ့ ဒုဥက္ကဋ္ဌ နှင့် FTI မော်တော်ယာဉ်ကလပ် ပြောရေးဆိုရေး တာဝန်ခံ Surapong Paisitpatanapong က ပြောကြားပါတယ်။
FTI သည် နိုင်ငံတကာကားထုတ်လုပ်သူများနှင့် မော်တော်ကားထုတ်လုပ်ရေး လျာထားချက်အသစ်အတွက် ဆွေးနွေးနေပါတယ်။ နောက်လမှာ လျာထားချက်ကို တရားဝင် ပြန်လည်ပြင်ဆင်ဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောကြားပါတယ်။
ဆီမီးကွန်ဒတ်တာ ချစ်ပ်များ ရှားပါးလာခြင်းကြောင့် ကားထုတ်လုပ်သူအချို့သည် ကားမော်ဒယ်လ်အချို့တို့ကို ထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရပါတယ်။ မှာကြားထားတဲ့ ဝယ်ယူသူများထံ ပေးအပ်တာမှာလည်း နောက်ကျပါတယ်။ ထုတ်လုပ်မှုအစီအစဉ်များကိုလည်းပြောင်းလဲထား ပြီးပြီ ဖြစ်ပါတယ်။
မော်တော်ယာဉ်သုံး ကွန်ပျူတာချစ်ပ် ပြတ်လပ်မှု အပြင် အခြား ကြောင့်ကြစရာများလည်း ရှိနေသေးကြောင်း အသင်းချုပ်က ပြောကြားပါတယ်။
တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် Zero-Covid မူဝါဒကို အကောင်အထည်ဖော်နေဆဲဖြစ်သဖြင့် လော့ဒေါင်းချသည့်အခါ လုပ်ငန်းများ အခက်ကြုံကြရသည်။ အဓိကမြို့ကြီးများရှိ ပြင်းထန်တင်းကျပ်သောလော့ခ်ချမှုအစီအမံများဆီသို့ ဦးတည်သွားမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲ အရှိန်ကျမယ့် အရိပ်အယောင် မတွေ့ရ။ စစ်ပွဲ ဂယက်ရိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်သည်။
ငွေကြေးဖောင်းပွမှုကို လျှော့ချရန် ဗဟိုဘဏ်များ၏ ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုဆီသို့ ဦးတည်သွားမှာကို စိုးရိမ်မှုများ ရှိနေပါတယ်။
FTI ရဲ့ အဆိုအရ ဇွန်လတွင် ထိုင်းနိုင်ငံ ကားထုတ်လုပ်မှာ အစီးရေ ၁၄၃,၀၁၆ စီး ဖြစ်ပြီး ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်မှာ စီးရေ ၈၇၀,၁၀၉ ထုတ်လုပ်ခဲ့ပါတယ်။
ဇွန်လမှာ ပြည်ပတင်ပို့ရန် ထုတ်လုပ်ခဲ့တဲ့ ကားစီးရေ ၇၁,၀၀၂ ရှိခဲ့ပါတယ်။ ပထမနှစ်ဝက်မှာ စီးရေ ၄၄၂,၅၇၈ ထုတ်လုပ်ခဲ့ပါတယ်။
ဇွန်လမှာ ပြည်တွင်းဈေးကွက်အတွက် ကားစီးရေ ၇၂,၀၁၄ ထုတ်လုပ်ခဲ့ပြီး ပထမနှစ်ဝက်အတွင်း စီးရေ ၄၂၇,၅၃၃ ထုတ်လုပ်ခဲ့ပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source: Bangkok Post