ထိုင်းမှ ကားထုတ်လုပ်သူများက စက်ရုံလုပ်သားများအား မြင့်မြင့်မားမား နှစ်သစ်ကူး ဆုကြေးများ ချီးမြှင့်


ထိုင်းမှ ကားထုတ်လုပ်သူများက စက်ရုံလုပ်သားများအား မြင့်မြင့်မားမား နှစ်သစ်ကူး ဆုကြေးများ ချီးမြှင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံရှိ  မော်တော်ကားထုတ်လုပ်သူ များသည် Covid-19 ကပ်ဘေးကြောင့် ဆုတ်ယုတ်နေကြရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် အမြတ်အစွန်းများ တိုးလာပြီးနောက် ဝန်ထမ်းများကို ပေးအပ်မည့် မြင့်မြင့်အားအား နှစ်သစ်ကူး အပိုဆု‌ကြေးများကို ကြေညာခဲ့ကြပါသည်။

ထိုင်းပြည်တွင်းဈေးကွက်တွင် ယခုနှစ် ပထမ ၁၀ လတာအတွင်း ကားစီးရေ ၆၉၈,၀၀၀ ရောင်းချခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၁၇.၁% ရောင်းအားမြင့်တက်သည်။

Thansettakij ၏ စစ်တမ်းတစ်ခုအရ ကားထုတ်လုပ်သူများသည် ရောင်းအားတိုးတက်မှုနှင့်အညီ လပေါင်းများစွာ လစာကုိ ဆုကြေးအဖြစ် ပေးအပ်သည့်အပြင် အထူးထောက်ပံ့ကြေးများကို ပေးအပ်ကြသည်ကို တွေ့ရှိရသည်။

ပေးအပ်သော ဆုကြေးစာရင်းကို ဖော်ပြအပ်ပါသည်။


- Isuzu Motors (Thailand)
လစာ ၈ လစာ ဆုကြေး + အထူးထောက်ပံ့ကြေး ဘတ် ၂၇,၀၀၀

- Toyota Motors (Thailand)
လစာ ၇.၅ လစာ ဆုကြေး + အထူးထောက်ပံ့ကြေး ဘတ် ၃၄,၀၀၀ + နှစ် ၆၀ ပြည့် စိန်ရတု ထောက်ပံ့ကြေး ဘတ် ၁၆,၀၀၀

- Honda Automobile (Thailand)
လစာ ၇.၅ လစာ ဆုကြေး + အထူးထောက်ပံ့ကြေး ဘတ် ၅၀,၀၀၀

ရုံးဝန်ထမ်းများကိုလည်း နှစ်သစ်ကူးဆုကြေး ချီးမြှင့်ကြရာ အများဆုံးပမာဏမှာ လစာ ၈ လစာ ဆုကြေး ဖြစ်ပါသည်။

 Thansettakij စစ်တမ်းတွင် ကားထုတ်လုပ်သူများသာမက ကားထုတ်လုပ်သူများထံ ပစ္စည်းပေးသွင်းသည့် ကုမ္ပဏီများကလည်း နှစ်သစ်ကူးဆုကြေးများ ကြေညာထားကြသည်ကို ဖော်ပြထားသည်။

- Denso (Thailand) Co Ltd
လစာ ၇.၄ လစာ ဆုကြေး + အထူးထောက်ပံ့ကြေး ဘတ် ၃၂,၅၀၀

- Yokohama Tyre Manufacturing
လစာ ၅ လစာ ဆုကြေး + အထူးထောက်ပံ့ကြေး ဘတ် ၂၅,၀၀၀

Source nationthailand 
 

Read 1139 times