ဇန်နဝါရီလတွင် ထိုင်း ကားထုတ်လုပ်မှုတိုး ရောင်းအားကျ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံတွင် ၂၀၂၃ ဇန်နဝါရီလတွင် ကားစီးရေ ၁၅၇,၈၈၄ ထုတ်လုပ်ခဲ့ပြီး ယမန်နှစ် ဇန်နဝါရီလထက် ၄.၀၂% တိုးသည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) က ပြောကြားသည်။ ပြည်ပတင်ပို့သည့် စီးရေလည်း မြင့်တက်ခဲ့သည်။
ပြည်တွင်း ကားရောင်းအားသည် ၂၀၂၃ ဇန်နဝါရီလတွင် ယမန်နှစ် ဇန်နဝါရီလထက် ၅.၅၈% စီးရေ လျော့နည်းခဲ့သည်။ ၂၀၂၂ ဒီဇင်ဘာလထက် ၉% လျော့ကျ ခဲ့သည်ဟု FTI ၏ မော်တော်ကားလုပ်ငန်းဌာနခွဲ၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားသည်။
ပြည်ပသို့ တင်ပို့သည့် စီးရေသည် ၂၀၂၃ ဇန်နဝါရီလတွင် ၂၀၂၂ ဇန်နဝါရီလထက် ၂၄.၂၈% ပိုများခဲ့ပါသည်။
ယခုနှစ်တွင် စီးရေ စုစုပေါင်း ၁.၀၅ သန်း တင်ပို့နိုင်လိမ့်မည်ဟု Mr Surapong က ပြောကြားသည်။
ထိုင်းနိုင်ငံသည် တိုယိုတာနှင့် ဟွန်ဒါအပါအဝင် ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်သူအချို့အတွက် ဒေသတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ပို့ကုန်အခြေစိုက်စခန်းတစ်ခုဖြစ်ပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U