ဂါဇာပဋိပက္ခကြောင့် ထိုင်းကားတင်ပို့မှု ထိခိုက်နိုင်


ဂါဇာပဋိပက္ခကြောင့် ထိုင်းကားတင်ပို့မှု ထိခိုက်နိုင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အရှေ့အလယ်ပိုင်း‌ေဒသတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် ကာလကြာရှည်နေပါက ၎င်းဒေသတွင်းသို့ ကားတင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ၏ မော်တော်ကားလုပ်ငန်းအသင်း (FTI) မှ ပြောကြားသည်။
အရှေ့အလယ်ပိုင်း‌ေဒသတွင် ပဋိပက္ခများကို ညှိနှိုင်းမှုဖြင့် မဖြေရှင်းနိုင်ပါက ၎င်းဒေသတွင် ရေပန်းစားနေသည့် ပစ်ကပ်များ တင်ပို့မှု ကျဆင်းသွားနိုင်သည်။
ထိုင်းမော်တော်ယာဥ်လုပ်ငန်းကဏ္ဍသည် ပြည်တွင်းဈေးကွက်တွင် ရောင်းအား နှေးကွေးသွားပြီးနောက် ပြည်ပတင်ပို့မှုအပေါ်  တည်မှီနေရကြောင်း FTI ၏ ဒုဥက္ကဋ္ဌနှင့် မော်တော်ကားကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။  

အရှေ့အလယ်ပိုင်း‌ေဒသတွင် မော်တော်ယာဥ်ဝယ်လိုအား မြင့်မားနေကြောင်း ၎င်းက ပြောကြား

"စစ်ပွဲ ဆက်လက်ဖြစ်ပွား‌နေပါက ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်နိုင်သဖြင့် ယခုနှစ် စတုတ္ထသုံးလပတ်တွင် အရှေ့အလယ်ပိုင်းဒေသသို့ ကားတင်ပို့မှုများ နှေးကွေးလိမ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက ဆိုသည်။
ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ထိုင်းနိုင်ငံသည် အစ္စရေးသို့ မော်တော်ကားနှင့် မော်တော်ယာဥ်ပစ္စည်းများကို အမေရိကန်ဒေါ်လာ ၁၂၄ သန်းဖိုး တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံမှ စုစုပေါင်း တင်ပို့မှု၏ ၁ ရာခိုင်နှုန်းခန့်ကို တင်ပို့ခြင်း ဖြစ်သည်။ 
ယမန်နှစ်က စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၃ သန်းဖိုး အစ္စရေးသို့ တင်ပို့ခဲ့သည်။ 

အရှေ့အလယ်ပိုင်းဒေသသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံအတွက် တတိယအကြီးဆုံး မော်တော်ကားနှင့် မော်တော်ကား အစိတ်အပိုင်းများ တင်ပို့သည့် ဈေးကွက်ဖြစ်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၁၆% တင်ပို့ခဲ့သည်။ အာရှသို့ ၃၁% အများဆုံး တင်ပို့ခဲ့ပြီး ဩစတေးလျသို့ ဒုတိယအများဆုံး ၂၈% တင်ပို့ခဲ့သည်။

ပြည်တွင်းကားရောင်းအား နှေးကွေးနေသဖြင့် ကလပ်သည် တနှစ်တာ ကားထုတ်လုပ်မှု လျာထားချက်ကို အစီးရေ ၁.၉၅ သန်းမှ ၁.၉ သန်းသို့ လျှော့ချထားပြီးဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွက် မော်တော်ကားထုတ်လုပ်မှုသည် ယခင်ခန့်မှန်းချက်မှာ အစီးရေ ၉ သိန်းဖြစ်ပြီး  အစီးရေ ၈ သိန်းခွဲသို့ လျှော့ချ ခန့်မှန်းထားသည်။
ပြည်ပတင်ပို့ရန်အတွက်  ထုတ်လုပ်မှု ရည်မှန်းချက်မှာ အစီးရေ ၁.၀၅ သန်းဟု ယခင်အတိုင်း ဆက်လက် လျာထားပါသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 242 times