ဘက်ထရီသုံးလျှပ်စစ်ကား ရောင်းအား အစီးရေ ၁ သိန်းအထိ ရှိလာနိုင်သည်ဟု ထိုင်းစက်မှုအသင်း ခန့်မှန်းပြောကြာ


ဘက်ထရီသုံးလျှပ်စစ်ကား ရောင်းအား အစီးရေ ၁ သိန်းအထိ ရှိလာနိုင်သည်ဟု ထိုင်းစက်မှုအသင်း ခန့်မှန်းပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ယခုနှစ်အတွင်း ဘက်ထရီ လျှပ်စစ်ကား Battery Electric Vehicle (BEV) ရောင်းအားမှာ မော်ဒယ်အသစ်များနှင့် စျေးကွက်မြှင့်တင်မှုများကြောင့် အစီးရေ ၇ သောင်းအထိ ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) မှ ပြောကြားပါသည်။

"BEV စျေးကွက်မှာ ပြိုင်ဆိုင်မှု မြင့်မားနေပါတယ်။ရောင်းချသူ အများအပြားက ဝယ်ချင်စရာ စျေးနှုန်းများဖြင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များနှင့်အတူတွဲပြီး ရောင်းချကြပါတယ်"ဟု FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကဏ္ဍ ကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

 ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ BEV ရောင်းအားမှာ ယခင်နှစ်ထက် ၇၀၂% မြင့်တက်လာခဲ့ပြီး အစီးရေ ၅၆,၁၁၉ စီး ရောင်းချခဲ့သည်။ ပြည်တွင်းကားရောင်းအားတွင် စျေးကွက်ဝေစု ၈.၈၆% ရရှိခဲ့သည်။

အောက်တိုဘာလတွင် BEV ရောင်းအားသည် ယခင်နှစ်ထက် ၄၉၁%  မြင့်တက်ခဲ့ပြီး ၇,၃၉၄ စီး ရောင်းချခဲ့သည်။ ထိုင်းကားဈေးကွက်တွင် ဈေးကွက်ဝေစု ၁၂.၅% ရရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ BEV ကနဦးမှတ်ပုံတင်သည့် အစ‌ီးရေသည် ၄၁၀%  တိုးလာခဲ့ပြီး ၇၇,၇၃၇ စီး ကနဦးမှတ်ပုံတင်ခဲ့ကြသည်။

BEV များ ရေပန်းစားလာသည်။
 ကနဦး မှတ်ပုံတင် အစီးရေသည် လာမည့်နှစ်တွင် အစီးရေ ၁ သိန်းအထိ ရှိလာနိုင်သည်ဟု FTI က ခန့်မ‌ှန်းထားသည်။ 

ထိုင်းအစိုးရ EV3.5 အစီအစဉ်အရ တင်သွင်းသည့် အီးဗီနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ဝယ်ယူသူတိုင်းကို တစီးလျှင် ဘတ် ၅,၀၀၀ မှ ဘတ် ၁ သိန်းအထိ ငွေကြေး ထောက်ပံ့ပေးသည်။ ၎င်းယာဉ်များအတွက် သွင်းကုန်ခွန်များနှင့် အခြားအခွန်အခများ လျော့ပေါ့ပေးထားသည်။

EV3.5 တွင်ပါဝင်သည့် ကားကုမ္ပဏီများသည် ထိုင်းနိုင်ငံရှိ အီးဗီ ထုတ်လုပ်သည့် စက်ရုံတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ ထို့ပြင် ၂၀၂၆ မှ ၂၀၂၇ ခုနှစ်အတွင်း ထိုင်းပြည်တွင်း၌ အီးဗီများ စတင်ထုတ်လုပ်ရန်လည်း လိုအပ်ပါသည်။

 Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 884 times