သက်တမ်းတိုးပြုလုပ်သည့်ကားများကို မြင်သာကညနရုံးတွင် လာမည့်ဒီဇင်ဘာလမှစ၍ Test Lane စက်ဖြင့် စစ်ဆေးမည်


မြင်သာကညနရုံးတွင် သက်တမ်းတိုးပြုလုပ်သည့် ကားများကိုဒီဇင်ဘာလမှစ၍ Test Lane စက်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

ပြည်ပမှ တင်သွင်းလာသော ကားများကို ကနဦးယာဉ်စစ်ခြင်းနှင့် ရောက်ရှိပြီးသားကားများကို သက်တမ််းတိုး ယာဉ်စစ်ခြင်းတို့အတွက် Test Lane ဖြင့် စစ်ဆေးခြင်းကို မန္တလေး၊ ထောက်ကြန့်၊ မော်လမြိုင်၊ ၊ မကွေး၊ ပဲခူး၊ မုံရွာ၊ ပုသိမ်နှင့် တောင်ကြီးမြို့တို့ရှိ ကညနရုံးတို့တွင်ဆောင်ရွက်လျှက်ရှိသည်။

လာမည့်နှစ်တွင် လားရှိုး၊ မိတ္တိလာတို့ရှိ ကညနရုံးများတွင်လည်း Test Lane ဖြင့် ယာဉ်စစ်ဆေးရန် ဆောင်ရွက်နေသကဲ့သို့ မြင်သာကညနရုံးတွင်လည်း JICA ၏အစီအစဉ်ဖြင့် လာမည့် ဒီဇင်ဘာလမှစ၍ သက်တမ်းတိုးယာဉ်များအား Test Lane ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Test Lane ဖြင့် ယာဉ်စစ်ဆေးရာတွင် Side Slip Tester, Brake Tester,Suspension Tester,Headlamp Tester, Sound Level Tester, Axle Play & Pit Inspection, Exhaust Emission Tester များပါ၀င်သော Mobile Test Lane များဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 

Read 60864 times