တက်စလာ ဂျာမန်ကားစက်ရုံ ရှို့မီးကြောင့် ဓာတ်အားပြတ်တောက်သဖြင့် ထုတ်လုပ်မှု ရပ်ထား


တက်စလာ ဂျာမန်ကားစက်ရုံ ရှို့မီးကြောင့် ဓာတ်အားပြတ်တောက်သဖြင့် ထုတ်လုပ်မှု ရပ်ထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျာမနီနိုင်ငံ ဘာလင်မြို့အနီးရှိ Tesla ၏ Gigafactory သည် အင်္ဂါနေ့(မတ် ၅)အစောပိုင်းတွင် စက်ရုံနေရာအနီးရှိ ဓာတ်အားလိုင်း တာဝါတိုင်တွင် မီးလောင်သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။ မီးလောင်ရသည်မှာ ရှို့မီးဟု သံသယ ရှိသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသဖြင့် ကားစက်ရုံတွင် ထုတ်လုပ်မှု ရပ်ထားရသည်။

ဓာတ်အားလိုင်း တာဝါတိုင်မှ မီးတောက်မီးလျှံများသည် စက်ရုံသို့ မီးကူးစက်ခြင်း မရှိခဲ့ပါ။ မီးသတ်မှ မီးငြိမ်းသတ်နိုင်ခဲ့သည်။

စက်ရုံမှ လုပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားခဲ့သည်။

 

စက်ရုံအနီးတစ်ဝိုက်တွင် ရှို့မီးဖြစ်နိုင်ချေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဓာတ်အားလိုင်း တာဝါတိုင် ပြန်လည်ပြုပြင်ရေး စတင်နေပြီ ဖြစ်သည်။

နေအိမ်များသို့ ဓာတ်အား ပြန်ပေးထားပြီ ဖြစ်သော်လည်း စက်ရုံများကို ဓာတ်အား ဖြတ်တောက်ထားဆဲ ဖြစ်သည်။

 

၎င်း Gigafactory သည် ဥရောပတွင် တက်စလာ၏ ပထမဆုံး ကားစက်ရုံ ဖြစ်သည်။ 

 စက်ရုံတိုးချဲ့မည့် အစီအစဉ်ကို ပတ်ဝန်းကျင် ထိန်းသိမ်းစောင်‌့ရှောက်ရေး အဖွဲ့အစည်း အချို့က ကန့်ကွက်ဆန္ဒပြကြသည်။

စက်ရုံတိုးချဲ့မည့်နေရာရှိ သစ်ပင်များ ခုတ်လှဲရှင်းလင်းမည်ကို မြို့ခံတို့က သဘောမတူကြချေ။ 

 

တစ်နှစ်လျှင် ကားစီးရေ ၅ သိန်း ဝန်းကျင် ထုတ်လုပ်နိုင်သော ၎င်းစက်ရုံကို တိုးချဲ့ရန် Tesla က စီစဉ်နေသည်။ 100 gigawatt hours ဘက်ထရီစက်ရုံနှင့် ကားအစီးရေ တစ်နှစ်လျှင် တသန်းအထိ ထုတ်လုပ်နိုင်သော စက်ရုံဖြစ်လာအောင် တိုးချဲ့မည် ဖြစ်သည်။

စက်ရုံ ထုတ်လုပ်မှု တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိရာ၌ ပြီးခဲ့သည့် ဇန်နဝါရီလတွင် တပတ်လျှင် အစီးရေ ၆,၀၀၀ ထုတ်လုပ်နိုင်သည့် စံချိန်သို့ ရောက်ရှိလာခဲ့သည်။

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 262 times