ဈေးနှုန်းလျှော့ချထားသော်လည်း Tesla ၏ California ဈေးကွက် ရှယ်ယာကျဆင်း


Tesla သည် ပြိုင်ဘက်များအား ယှဉ်ပြိုင်ရန်အတွက် အလွန်အမင်း ဈေးနှုန်းလျှော့ကာ ရောင်းချခဲ့သော်လည်း ၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း ၎င်း၏ အဓိကဈေးကွက်ဖြစ်သည့် California ပြည်နယ်ဈေးကွက်တွင် ဈေးကွက်ရှယ်ယာများ ကျဆင်းနေခဲ့ကြောင်း ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရသည်။ 

 

Tesla သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ California ပြည်နယ်၏ လျှပ်စစ်ဘတ်ထရီဈေးကွက်အား ၅၉.၆% အထိ နေရာယူထားနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင် ၇၂.၇% အထိ နေရာယူထားနိုင်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်ရှယ်ယာ အနိမ့်ဆုံးအထိ ကျဆင်းခဲ့သည်ဟု California Energy Commission မှ စာရင်းထုတ်ပြန်ခဲ့သည်။ 

 

၎င်း၏ ပြိုင်ဘက်များဖြစ်သည့် Volkswagen AG၊ General Motors၊ Chevrolet နှင့် Kia တို့၏ California ပြည်နယ်အတွင်း ဈေးကွက်ရှယ်ယာများမှာ ၂၀၂၃ ခုနှစ် ပထမသုံးလတွင် ပိုတိုးလာခဲ့သော်လည်း အဆိုပါ ကုမ္ပဏီများ၏ ရာခိုင်နှုန်းသည် ဂဏန်းတစ်လုံးထက် မပိုဘဲ Tesla ထက်များစွာ နည်းနေသေးသည်ဟု ဆိုသည်။ 

 

Advertisement

Click Here >>> Myanmar Lift Group

 

California ရှိ Tesla ၏ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရောင်းချမှု၏ ၁၆% ဖြစ်သည်ဟု Reuters သတင်းဌာန၏ တွက်ချက်မှုအရ သိရသည်။ California သည် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်သော မော်တော်ယာဉ်အများဆုံးရှိသည့်  ပြည်နယ်ဖြစ်သည်။

 

Tesla ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Elon Musk သည် Twitter ကို ဝယ်ယူခဲ့မှုနှင့် Republican များအား ထောက်ခံပေးမှုသည် California ကဲ့သို့ Liberal ပြည်နယ်များတွင် Tesla ၏ အမှတ်တံဆိပ်အတွက်  မေးခွန်းထုတ်စရာများ ဖြစ်စေခဲ့သည်။

 

 

Tesla သည် ဇန်နဝါရီလမှစ၍ အမေရိကန်တွင် ဈေးနှုန်းလျော့ရောင်းချခဲ့ပြီး အဓိက ဈေးကွက်များတွင်လည်း ၎င်း၏ လျှပ်စစ်ကားဈေးနှုန်းများကို ၆ ကြိမ်တိုင်တိုင် လျော့ချခဲ့သည်။ ဤသို့ ဈေးနှုန်းလျော့ရောင်းချမှုကို တရုတ်၊ ဥရောပနှင့် အခြားသော နိုင်ငံများတွင်ပါ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမ ၃ လပိုင်းတွင် Tesla ၏ အမြတ်အစွန်းများကို ထိခိုက်ခဲ့ပြီး ၎င်း၏ ဈေးကွက်ရှယ်ယာသည်လည်း ၁၀% အထိ ကျဆင်းခဲ့သည်ဟု သိရသည်။ 

 

Elon Musk သည် ယခုကဲ့သို့ စီးပွားရေး ကျဆင်းနေချိန်တွင် အမြတ်အစွန်း ရရှိရန်ထက် ရောင်းအား တိုးတက်လာရန် ပိုမိုဦးစားပေးမည် ဖြစ်ကြောင်းကိုလည်း ပြောကြာခဲ့သည်။


Source - Reuters

Read 166 times