Tesla ကားဈေးချ ပြီးနောက် တရုတ်အီးဗီ ထုတ်လုပ်သူ Xpeng သည်လည်း ဈေးနှုန်းများကို လျှော့ချ


Tesla ကားဈေးချ ပြီးနောက် တရုတ်အီးဗီ ထုတ်လုပ်သူ Xpeng သည်လည်း ဈေးနှုန်းများကို လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Xpeng Inc. သည် ၎င်း၏ကားအများစုအတွက် စျေးနှုန်းများကို ၁၀% ခန့်လျှော့ချခဲ့သည်။

တရုတ်နိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နေသော လျှပ်စစ်မော်တော်ကားဈေးကွက်တွင် ပြိုင်ဆိုင်မှု အရှိန်မြင့်လာသောကြောင့် အခြားသော ကားထုတ်လုပ်သူများနှင့် နည်းတူ Xpeng ကလည်း  ဈေးနှုန်းများ လျှော့ချလိုက်ခြင်း ဖြစ်သည်။


ကုမ္ပဏီက ၎င်း၏ P7၊ P5 နှင့် G3i မော်ဒယ်များ၏ ဗားရှင်းများအတွက် ဈေးနှုန်းများကို ယွမ် ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၉၇၀) မှ ယွမ် ၃၆,၀၀၀ ယွမ်အထိ လျှော့ချမည်ဟု ထုတ်ပြန်ခဲ့သည်။ လက်ရှိဈေးနှုန်း၏ ၁၀% ဝန်းကျင် လျှော့ချလိုက်ခြင်း ဖြစ်သည်။

     Advertisement

Click Here > Central Ko Soe Myint

 XPEV မော်ဒယ်ကို ၀.၇၂% ၊ ‌အရောင်းရဆုံးမော်ဒယ် P7 ဆီဒင်ကို ၁၂.၅% လျှော့ချသည်။
G9 မော်ဒယ်အသစ်ကို ဈေးနှုန်း မပြောင်းလဲချေ။

စျေးနှုန်းမလျှော့ခင်မှာ  Xpeng မော်တော်ကားများကို ဝယ်ယူခဲ့သော ကားပိုင်ရှင်များ မနစ်နာစေရန်အတွက် Xpeng က အခမဲ့ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုများကို အာမခံသည့် သက်တမ်းကုိ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Tesla Inc က တရုတ်ဈေးကွက်တွင် ဈေးနှုန်းများ လျှော့ချခဲ့ပြီး တစ်လခန့်အကြာတွင် Xpeng ကလည်း ဈေးချပေးလိုက်ခြင်း ဖြစ်သည်။

Source marketwatch 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 5809 times