Tesla သည် Toyota Motor ထက် ကားတစ်စီးလျှင် အမြတ် ရှစ်ဆ ပိုမိုရရှိခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဇူလိုင်-စက်တင်ဘာသုံးလပတ်မှာ ရောင်းချသည့်စီးရေတွင် Toyota Motor က Tesla ထက် ၇ ပိုရောင်းရသော်လည်း Tesla သည် Toyota Motor ထက် ကားတစ်စီးလျှင် အမြတ်ငွေ ရှစ်ဆရရှိခဲ့ကြောင်း Nikkei ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်မှ လျှပ်စစ်မော်တော်ကားထုတ်လုပ်သူ Tesla သည် ၂၀၁၀ ခုနှစ်တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သုံးလပတ် အသားတင်အမြတ်ငွေကို ရရှိခဲ့ပါသည်။
၎င်းသုံးလပတ်တွင် Tesla သည် အသားတင်အမြတ် ကန်ဒေါ်လာ ၃.၂၉ ဘီလီယံ ရရှိခဲ့ကြောင်း အစီရင်ခံခဲ့ပါသည်။
ကန်တစ်ဒေါ်လာ ၁၃၈ ယန်း ငွေလဲနှုန်းဖြင့် တွက်ချက်ပါက Toyota သည် ၎င်းသုံးလပတ်တွင် အမြတ် ကန်ဒေါ်လာ ၃.၁၅ ဘီလီယံ ရရှိခဲ့ပါသည်။
.
Tesla သည် ကမ္ဘာပေါ်တွင် အမြတ်အစွန်းအရှိဆုံး ကားထုတ်လုပ်သူ ဖြစ်လာခဲ့သည်။
Tesla ၏ အောင်မြင်မှုသည် ၎င်းထုတ်လုပ်သည့် ကားတိုင်း အမြတ်အစွန်း ရရှိခြင်းသည်အဓိက အကြောင်းရင်းခံ ဖြစ်ပါသည်။
၎င်းသုံးလပတ်တွင် Toyota က စီးရေ ၂.၆၂ သန်း ရောင်းချခဲ့သည်။ Teslaက စီးရေ ၃၄၄,၀၀၀ ရောင်းချခဲ့သည်။ Toyota ရောင်းချသည့် စီးရေသည် Tesla ထက် ၇.၆ ဆ များသည်။
ပျမ်းမျှအားဖြင့် ကားတစ်စီးလျှင် Toyota က အမြတ် $1,200 ရသည်။ Tesla က အမြတ် $9,570 ရသည်။ သို့ဖြစ်ရာ Tesla က Toyota ထက် ၈ ဆ သာပါသည်။
Tesla ၏ တစ်စီးချင်းအရ အသားတင်အမြတ်သည် အမြတ်မာဂျင် ကျယ်သော Mercedes-Benz ထက်ပင်လျှင် ပိုများနေပါသည်။
Tesla က အီးဗီ တစ်မျိုးတည်းကိုသာ စူးစိုက်ထားသည်။ ရောင်းအားတွင် Model Y နှင့် Model 3 တို့၏ ရောင်းအားက ၉၀% ပါဝင်သည်။ ဈေးသက်သာသည့် Model 3 ၏ အခြေခံဈေးနှုန်းသည်ပင်လျှင် အမေရိကန်တွင် $40,000 ဝန်းကျင်ဖြစ်ပါသည်။ ရောင်းဈေး ဈေးမြင့်သော်လည်း ရောင်းချသည့် စီးရေက နှစ်နှစ်အတွင်းမှ ၂ ဆ မြင့်တက်လာခဲ့သည်။
brand အားကောင်းခြင်းကြောင့် Tesla သည် ဈေးတက်ဖို့ ဝန်မလေးချေ။ ပစ္စည်းဖိုး မြင့်တက်လာတိုင်း ဈေးတက်ပြီး ကားဝယ်ယူသူ ပခုံးပေါ် တင်ပေးလိုက်သည်။
Tesla ကားများ ရောင်းချသည့်အခါ ကြားခံ အရောင်းကိုယ်စားလှယ် မထားဘဲ အွန်လိုင်းမှ တိုက်ရိုက်ရောင်းချသည်။ သို့ဖြစ်ရာ အရောင်းကိုယ်စားလှယ်အတွက် ကော်မရှင်ကြေး ပေးရန် မလိုချေ။
ယခုအခါ Tesla သည် ကမ္ဘာပေါ်တွင် အမြတ်အစွန်းအရှိဆုံး ကားထုတ်လုပ်သူ ဖြစ်ပါသည်။
Source asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U