Tesla အခမဲ့  ယာဉ်တွင်းကာရာအိုကေ စတင်


Tesla အခမဲ့  ယာဉ်တွင်းကာရာအိုကေ စတင်

Tesla  စီအီးအို Elon Musk က Teslas ကားများတွင် ကာရာအိုကေ လုပ်ဆောင်ချက်များကို အခမဲ့ တပ်ဆင်ပေးမည် ဖြစ်ကြောင်းဆိုရှယ်မီဒီယာ Twitter တွင် ပြောကြားခဲ့သည်။

 Tesla ကားပေါ်တွင် သီချင်းဆိုရင်း အပန်းဖြေနိုင်ကြမည်ဖြစ်သည်။

Musk က  ကားကာရာအိုကေ စိတ်ကူးကို ယခင်က အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။ ယခု အကောင်အထည် ဖော်လိုက်သည်။

ကာရာအိုကေ ကားပေါ်တင်ပေးဖို့ Tesla က အွန်လိုင်း သီချင်းထုတ်လွှင့်သည့် ဝန်ဆောင်မှု music streaming service ကို အရင်တည်ဆောက်ခဲ့ပါသည်။

ထို့ပြင် သီချင်းဆိုသည့်အခါ သုံးစွဲရန် ကြိုးမဲ့ မိုက်ခရိုဖုန်းကိုလည်း ဖန်တီးခဲ့သည်။

TeslaMic ဟု အမည်ပေးထားသော ကြိုးမဲ့ မိုက်ခရိုဖုန်းကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၈ ရက်တွင် Tmall အွန်လိုင်းစတိုးတွင် စတင်ရောင်းချခဲ့သည်။

 ကားပေါ်မှ ကွန်ပျူတာကို အင်တာနက်မှတစ်ဆင့် ယာဉ်တွင်း ကာရာအိုကေ လုပ်ဆောင်ချက် in-vehicle KTV functionထည့်သွင်းပေးသည်။ 

 လောလောဆယ်တွင် တရုတ်ပြည်တွင်းမှ Tesla ကားများအတွက်သာ ကာရာအိုကေကို စီစဉ်ပေးထားသည်။

ကားပေါ်မှ QQ Music ကိုဖြစ်စေ၊ NetEase Cloud Music ကို ဖြစ်စေ ချိတ်ဆက်ပြီး နှစ်သက်ရာ သီချင်းများ ရွေးချယ်ဖွင့်ပြီး ကာရာအိုကေ သီဆိုနိုင်မှာ ဖြစ်ပါတယ်။ 

အွန်လိုင်းဂိမ်းကစားသူတွေ အသုံးများတဲ့ Steam ကို Tesla ရဲ့ ယာဉ်စနစ်မှာ ပေါင်းစပ်ထည့်သွင်းပေးဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း မတ်စ်က အသိပေးပြောကြားပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel   https://t.me/Guid4U

Source:Twitter

Read 954 times