Tesla ကားစက်ရုံသစ်များ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံး‌ဟု  Tesla  စီအီးအို Musk ပြောကြား


Tesla ကားစက်ရုံသစ်များ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံး‌ဟု  Tesla  စီအီးအို Musk ပြောကြား

တက္ကဆက်နှင့် ဘာလင်ရှိ Tesla Inc ၏ ကားစက်ရုံသစ်များသည် ဘက်ထရီပြတ်လပ်မှုနှင့် တရုတ်နိုင်ငံ၏ ဆိပ်ကမ်းပြဿနာများကြောင့် ထုတ်လုပ်မှုတိုးမြှင့်ရန် ရုန်းကန်နေရသည့်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနေကြောင်း အမှုဆောင်အရာရှိချုပ် Elon Musk က ဗုဒ္ဓဟူးနေ့ထုတ် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

"ဘာလင်နဲ့ ဩစတင် စက်ရုံနှစ်ခုစလုံးဟာ အခုအချိန်မှာ အလွန်တရာ ကြီးမားတဲ့ ပိုက်ဆံတေနဲံ့ မီးထိုးပေးနေတဲ့ မီးဖိုကြီးတွေ ဖြစ်နေပါတယ်။ ဟုတ်ပလား၊ အလွန်ကြီးမားတဲ့ အသံကြီး မြည်ဟီးနေတယ်။ အဲဒါက ပိုက်ဆံ‌ေတွ မီးတောက်‌လောင်နေတဲ့ အသံကြီးပါပဲ" ဟု Musk က "Tesla Owners of Silicon Valley" ကလပ်အသင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

 "Tesla Owners of Silicon Valley"  ဆီလီကွန်ဗဲလီ၏ Tesla ပိုင်ရှင်များ သည် Tesla တရားဝင် အသိအမှတ်ပြု ကလပ်အသင်းတစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဩစတင်တွင် တည်ရှိပါသည်။ အင်တာဗျူးကို မေလ ၃၁ ရက်တွင် ကျင်းပခဲ့ပါသည်။

ကလပ်က Tesla  စီအီးအို  Elon Musk  နှင့် အင်တာဗျူးကို အပိုင်း ၃ ပိုင်းခွဲပြီး တင်ပြခဲ့ရာ နောက်ဆုံးအပိုင်းကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၅ ရက်) တွင် ထုတ်ဝေခဲ့ပါသည်။

Tesla Gigafactory Berlin စက်ရုံသစ်

Musk  က အင်တာဗျူးတွင် ပြောကြားခဲ့သည်မှာ တက္ကဆက်ပြည်နယ်ရှိ ဩစတင်စက်ရုံမှ ကားများ မဆိုစလောက် အရေအတွက်ကိုသာ ထုတ်လုပ်ခဲ့ရသည်။ အကြောင်းမှာ ဘက်ထရီအသစ် ဖြစ်သည့် "4680" ဘက်ထရီများ တိုးမြှင့်ထုတ်လုပ်ရာတွင် အခက်အခဲများ ရှိနေခဲ့သည်။ ယခင် အစဉ်အလာအရ သုံးစွဲသည့်  2170 ဘက်ထရီ ပြုလုပ်ရန် ကိရိယာများသည် တရုတ်ပြည်ရှိ ဆိပ်ကမ်းတွင် ပိတ်မိနေသည်။ 

“ဒါတွေအားလုံးက မြန်မြန်ဆန်ဆန် ပြေလည်သွားလိမ့်မယ်၊ ဒါပေမဲ့ ဂရုတစိုက်ဖြင့် လုပ်ပေးဖို့ အများကြီးလိုတယ်” ဟု ၎င်းက ပြောကြားသည်။

ဂျာမနီနိုင်ငံရှိ ဘာလင်စက်ရုံသည် အခြေအနေ အနည်းငယ် ပိုကောင်းသည်ဟု ၎င်းက ပြောကြားသည်။ အကြောင်းမှာ ထိုစက်ရုံတွင် သမားရိုးကျ 2170  ဘက်ထရီများကို ကားများ တည်ဆောက်ရာတွင် အသုံးပြုသောကြောင့် ဖြစ်သည်။ 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်  COVID-19 နှီးနွှယ်သော စက်ရုံ ပိတ်ရခြင်းသည် " အလွန့် အလွန် ခက်ခဲ" စေသည်ဟု Musk က ပြောကြားသည်။

စက်ရုံများ ပိတ်ထားကြရသဖြင့် ရှန်ဟိုင်းရှိ Tesla ၏ Tesla  Gigafactory  Shanghai စက်ရုံကိုသာ ထိခိုက်ခြင်း မဟုတ်ချေ။ တရုတ်ပြည်မှ ထုတ်လုပ်သော အစိတ်အပိုင်းအချို့ သုံးစွဲပြီး ကားထုတ်လုပ်သည့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ စက်ရုံကိုပါ ထိခိုက်သည်ဟု ၎င်းက ပြောကြားသည်။ 

Tesla Giga Shanghai စက်ရုံကို ဇူလိုင်လ ပထမ သီတင်းပတ် ၂ ပတ်တွင် ထုတ်လုပ်မှုအတော်များများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး စက်ရုံကို ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရန်အတွက် အဆင့်မြှင့်တင်သည့် အလုပ်များ လုပ်ဆောင်မည်ဟု စက်ရုံတွင်း အသိပေးစာတွင် ဖော်ပြထားသည်။ 

"လွန်ခဲ့သည့် ၂ နှစ်မှာ ပစ္စည်းထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ အိပ်မက်ဆိုးတစ်ခု ဖြစ်နေခဲ့ပါတယ်။ တစ်မျိုးပြီး တစ်မျိုးပါပဲ။ အခုလည်း ကျွန်တော်တို့ အဲဒီအိပ်မက်ဆိုးက မလွတ်ကင်းကြသေးပါဘူး" ဟု   Musk က ပြောကြားသည်။

Tesla ၏ ကြီးမားသော စိုးရိမ်မှုမှာ "လူတွေကို လစာပေးနေနိုင်ဖို့  စက်ရုံတွေ လည်ပတ်နေအောင် ဘယ်လို လုပ်ရမလဲ၊ ဒေဝါလီခံမရအောင် ဘယ်လို လုပ်ရမလဲဆိုတာပါပဲ" ဟု Musk က ပြောကြားသည်။

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U/272

https://t.me/Guid4U

Source: Reuters

Read 7316 times