အားသွင်းရန် အီးဗီများ တန်းစီ‌စောင့်ဆိုင်းရသဖြင့် Tesla က အပိုဆောင်းကြေး ကောက်ခံ


အားသွင်းရန် အီးဗီများ တန်းစီ‌စောင့်ဆိုင်းရသဖြင့် Tesla က အပိုဆောင်းကြေး ကောက်ခံ

https://t.me/Guid4U
JOIN THE CHANNEL 

နယူးယောက်တွင် တက္ကဆီအစီးရေကို ကန့်သတ်ထားသော်လည်း အီးဗီ တက္ကဆီများကို အထူးအစီအစဉ်ဖြင့် လိုင်စင် ထုတ်ပေးသည့်အတွက်ကြောင့် နယူးယောက်စီးတီးမှ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Uber တွင် Tesla အီးဗီ များပြားနေသည့်အလျောက် Tesla Superchargers များတွင်လည်း အားသွင်းမည့် အီးဗီများ များပြားနေပြီး တန်းစီစောင့်ဆိုင်းကြရသည်။

 

 

ပြီးခဲ့သည့်နှစ်က New York City သည် ၂၀၃၀ တွင် အငှားယာဉ်များ လျှပ်စစ်ကား ဖြစ်စေရမည်ဟု ပြဋ္ဌာန်းခဲ့သည်။ 

 

၎င်းပြဋ္ဌာန်းချက် အောင်မြင်ရန် Uber န‌ှင့် Lift အငှားယာဉ် ဝန်ဆောင်မှုမှ ယာဉ်မောင်းများကို အီးဗီလိုင်စင်အသစ် ခုရေ တသောင်း ထုတ်ပေးသည်။ လိုင်စင်ရသူအများစုက Tesla ကို ရွေးချယ်ကြသည်။ 

သို့ဖြစ်ရာ နယူးယောက်စီးတီးတွင် အီးဗီစီးရေ ရုတ်တရက် ပိုများသွားသည်။

မြို့ကြီးများ အားလုံးနီးပါးတွင် ကားစီးသူ အများစုသည် အီးဗီ ဝယ်စီးကြလျှင် အားသွင်းတိုင် အလုံအလောက် မရှိချေ။ ယခုအခါ အီးဗီစီးရေ နည်းနေသေးသဖြင့် အားသွင်းတိုင် မလုံလောက်သည့် ပြဿနာ မပေါ်ပေါက်သေးခြင်း ဖြစ်သည်။ တရုတ်ပြည်မှ မြို့ကြီးအချို့တွင် အီးဗီစီးရေ များပြားသဖြင့် အားသွင်းရန် တန်းစီကြရသည့်အဖြစ်များ ရှိနေသည်။ 

 

နယူးယောက်စီးတီးတွင်လည်း အီးဗီစီးရေ များလာသည့်အတွက် အားသွင်းတိုင် မလုံလောက်တော့သည့် အဖြစ်ကို ကြုံရသည်။ 

အီးဗီ အစီးရေ တသောင်းတိုးရုံမျှဖြင့် အားသွင်းတိုင် မလုံလောက်သည့် ပြဿနာကို အကြီးအကျယ် ကြုံကြရသည်။

လူမှုကွန်ရက်တွင် တန်းစီနေသော ကားတန်းရှည်များကို ဓာတ်ပုံများ၊ ဗီဒီယိုများ တင်ကြသည်။ 

 

 

အခြေအနေ ဆိုးဝါးနေသည်ကို လျော့ပါးစေရန် Tesla သည် နယူးယောက်ရှိ Supercharger များတွင် အပိုဆောင်းကြေးအဖြစ် "ပြည့်ကျပ်ကြေး" “congestion fee” စတင်ကောက်ခံလိုက်သည်။

၎င်းပြည့်ကျပ်ကြေးသည် ဘက်ထရီ ၉၀% အားပြည်ပြီးနောက် အားဆက်သွင်းလျှင် တစ်မိနစ် တဒေါ်လာ ကောက်ခံသည်။ 

အီးဗီ ဘက်ထရီထုပ်ကုိ အားသွင်းရာတွင် နောက်ဆုံး ၁၀% သည် အနှေးဆုံး ဖြစ်သဖြင့် အချိန် အကြာဆုံး ဖြစ်သည်။ 

သို့ဖြစ်ရာ ၉၀% အားပြည်ပြီးနောက် အားဆက်မသွင်းရန် "တမိနစ် တဒေါ်လာ" ကောက်ခံသည်။

ယခု ဇန်နဝါရီလ ၁၇ ရက်မှစ၍ နယူးယောက်တွင် "ပြည့်ကျပ်ကြေး" စတင်ကောက်ခံသည်။ 

 

နယူးယောက်မှ အီးဗီတက္ကဆီလုပ်ငန်း Revel သည် Tesla အီးဗီများကိုလည်း သုံးစွဲသည်။ နယူးယောက်တွင် အီးဗီစီးရေ တကယ်များလာလျှင် အားသွင်းတိုင် မလောက်သည့် ပြဿနာပေါ်မည်ကို တွက်ဆမိသဖြင့် ကုမ္ပဏီပိုင် အားသွင်းကွန်ရက် ထားရှိသည်။ အားသွင်းတိုင်များကို "Superhub" ဟု အမည်ပေးထားသည်။  ကုမ္ပဏီမှ ကားများအပြင် အများသူငါတို့၏ အီးဗီများကိုလည်း အားသွင်းရန် ခွင့်ပြုထားသည်။ 

 

Revel ၏ အားသွင်းတိုင်များတွင် အများသူငါတို့ အားလာသွင်းကြသည်မှာ ပြီးခဲ့သည့် ၂ လအတွင်း ၄ ဆ ဖြစ်လာသည်ဟု ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ Robert Familar က ပြောကြားသည်။

 

တက်စလာက မနိုင်မနင်း ဖြစ်နေသည်ကို လျော့နည်းစေရန် Supercharger အားသွင်းစခန်း နှစ်ခုကို ယခုနှစ်အတွင်း ထပ်တိုးမည် ဖြစ်သည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 241 times