Tesla Supercharger ကို Toyota နှင့်  Lexus တို့ အသုံးပြုမည်


Tesla Supercharger ကို Toyota နှင့်  Lexus တို့ အသုံးပြုမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မြောက်အမေရိကတွင် Tesla ၏ Supercharger ကွန်ရက်တွင် သုံးစွဲသည့် North American Charging Standard NACS ကို Toyota နှင်ါ Lexus ကားမော်ဒယ်များတွင် သုံးစွဲမည်ဖြစ်ကြောင်း တိုယိုတာက ကြေညာပါသည်။
အီးဗီအားသွင်းရန် NACS ပလပ် သုံးစွဲသည့် စာရင်းထဲ တိုယိုတာ ပါဝင်လိုက်ခြင်း ဖြစ်ပါသည်။

 Toyota နှင့်  Lexus တို့မှ မြောက်အမေရိက ဈေးကွက်အတွက် ထုတ်လုပ်သော အီးဗီများတွင် ၂၀၂၅ ခုနှစ်မှစ၍ NACS အတွက် တပ်ဆင်ပေးထားမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတိုင်ခင် ထုတ်လုပ်သော အီးဗီများအတွက် ကြားခံ adapter ပေးအပ်မည် ဖြစ်သည်။


တိုယိုတာ၏ အီးဗီများတွင် NACS connector အဦးဆုံး ပါလာမည့် မော်ဒယ်မှာ ၂၀၂၅ တွင် ထုတ်လုပ်မည့် ခုံတန်း ၃ တန်းပါ SUV မော်ဒယ် ဖြစ်ပါသည်။ ၎င်း SUV ကို အမေရိကန်နိုင်ငံ ကင်တပ်ကီမှ တိုယိုတာ ကားစက်ရုံတွင် ထုတ်လုပ်မည် ဖြစ်ပါသည်။ 

NACS သုံးစွဲရန် Tesla နှင့် စာချုပ်လက်မှတ်ရေးထိုး ထားသည့် ကားအမှတ်တံဆိပ်များမှာ  Ford, GM, Rivian, Volvo, Polestar, Nissan, Mercedes-Benz, Jaguar Land Rover, Fisker, BMW, Rolls-Royce, MINI အစရှိသည်တို့ ဖြစ်ပါသည်။
သို့ဖြစ်ရာ NACS သုံးစွဲခြင်း မပြုသေးသော အဓိကလုပ်ငန်းကြီးများ ဖြစ်သည့်Chrysler, Jeep, Dodge တို့ ထုတ်လုပ်သည့် Stellantis နှင့် Volkswagen Group တို့သည်လည်း အများနည်းတူ NACS  သုံးစွဲဖို့ ဆုံးဖြတ်ကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။

Source theverge 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 306 times