Tesla supercharger  သုံးမည်ဟု Mercedes-Benz ကြေညာ


Tesla supercharger  သုံးမည်ဟု Mercedes-Benz ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Mercedes-Benz က ၎င်း၏ လျှပ်စစ်ကား သည် Tesla supercharger ကို လာမည့်နှစ်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကြေညာသည်။ ၂၀၂၅ တွင် Tesla အားသွင်းစံနှုန်းကို ကုမ္ပဏီ၏ အားသွင်းစံနှုန်းအဖြစ် အပြည့်အဝ သတ်မှတ်ကျင့်သုံးမည် ဖြစ်သည်။


Tesla အားသွင်းစနစ် သုံးစွဲရန် သဘောတူထားသည့် ကားကုမ္ပဏီများ
https://www.automobiledirectory.com.mm/article/tesla-north-american-charging-standard-nacs.html


 Tesla ၏  North American Charging Standard (NACS) သည် အမေရိကန်တွင် အများသုံး စံနှုန်းအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။
လာမည့်နှစ်တွင်  မြောက်အမေရိကမှာ Tesla supercharger စခန်းပေါင်း ၁၂,၀၀၀ ကျော်ရှိမည် ဖြစ်သည်။

"Superchager" သည် Tesla ၏ အမြန်အားသွင်းစခန်းများ၏ အမည်ဖြစ်သည်။

Mercedes ကလည်း ကိုယ်ပိုင်အားသွင်းကွန်ရက်ကို တည်ဆောက်မည်ဖြစ်သည်။ မြောက်အမေရိက၊ ဥရောပနှင့် တရုတ်နိုင်ငံတို့တွင် ၂၀၃၀ ပြည့်နှစ်အကုန်တွင် အားသွင်းစင်တာပေါင်း ၂,၀၀၀ ကျော် ထားရှိမည်ဖြစ်ပြီး ယင်းတို့အနက် ၄၀၀ ကို မြောက်အမေရိကတွင် ထားရှိမည်။

Mercedes သည် NACS အားသွင်းပေါက်ကို ပထမဆုံး သုံးစွဲသည့် ဂျာမန်ကားကုမ္ပဏီ ဖြစ်လာမည် ဖြစ်သည်။

Combined Charging System CCS အားသွင်းစက်အတွက် ပလပ်ထိုးရန် adapter ကိုလည်း စီစဉ်ပေးထားမည်ဖြစ်သည်။ 

လက်ရှိတွင် အမေရိကန်တွင် Tesla အားသွင်းရုံ အရေအတွက်သည် CCS အားသွင်းရုံ အရေအတွက်ထက် ပိုများပါသည်။
Source CNN
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 274 times