Tesla အရောင်းပြခန်းနှင့် ဆားဗစ်စင်တာ  ဘန်ကောက်တွင် မကြာမီ ဖွင့်လှစ်တော့မည်


Tesla အရောင်းပြခန်းနှင့် ဆားဗစ်စင်တာ  ဘန်ကောက်တွင် မကြာမီ ဖွင့်လှစ်တော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla သည် ထိုင်းနိုင်ငံတွင် အရှိန်အဟုန်ဖြင့် ကြီးထွားလာနေသော လျှပ်စစ်ကားရောင်းအားကို အရှိန်မြှင့်ရန် ဘန်ကောက်မြို့ အရှေ့ပိုင်းရှိ ကုန်တိုက်တစ်ခုတွင် အစောဆုံး အနေဖြင့် ဇွန်လတွင် ထိုင်းနိုင်ငံအတွက် အထင်ကရ အရောင်းပြခန်းကို ဖွင့်လှစ်တော့မည်ဖြစ်သည်။
ယခင်က Toyota Motor အရောင်းပြခန်းကို ပြင်ဆင်မွမ်းမံနေသည်။ ငါးထပ်အဆောက်အဦတွင် ဆားဗစ်စင်တာတစ်ခု၊ ယာဉ်အစိတ်အပိုင်းများ သိုလှောင်ရုံတစ်ခု၊ အမြန်အားသွင်းရုံများလည်း ပါဝင်မည် ဖြစ်သည်။

အရွယ်အစားအလယ်အလတ်ဖြစ်သော SUV Model Y နှင့် Model 3 ဆီဒင်တို့ကို အွန်လိုင်းမှ ယမန်နှစ် ဒီဇင်ဘာလတွင် ထိုင်းမှာ စတင်ရောင်းချခဲ့သည်။
ဈေးနှုန်းမှာ ဘတ် ၁.၉၆ သန်း($56,500) နှင့်ဘဘတ် ၁.၇၆ သန်း ($50,700) ဝန်းကျင် ဖြစ်သည်။

၂၀၂၃ မတ်လတွင် Model Y ၁,၀၃၄ စီး ရောင်းချခဲ့သည်။ ထိုင်းအီးဗီ ရောင်းအားတွင် ဝေစု ၁၇% ရရှိသည်။ အရောင်းရဆုံးမှာ BYD Atto 3 ဖြစ်ပြီး Model Y သည် ဒုတိယအရောင်းရဆုံး ဖြစ်သည်။

Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 615 times