Tesla ကားများအတွက် ကင်မရာများ ထုတ်လုပ်ရန် ဒေါ်လာ ၄ ဘီလျံဖိုး Samsung ကန်ထရိုက်ရ
Tesla ရဲ့ အပြည့်အဝ ပင်ကိုမောင်းနှင် Full Self-Driving (FSD) က ကားအနီးအနား ပတ်ဝန်းကျင်ရဲ့ ပုံရိပ်တွေယူပြီး ကားပေါ်မှ ကွန်ပျူတာကို ပေးအပ်ဖို့ ကင်မရာများကို အားကိုးအားထား ပြုရပါတယ်။
တခြားကားထုတ်လုပ်သူတွေက ရေဒါနှင့် လိုင်ဒါ တို့ကို သုံးစွဲကြပေမဲ့ Tesla က ကင်မရာကိုပဲ သုံးစွဲပါတယ်။ ရေဒါစနစ်သုံးဖို့ မကြာသေးခင်ကာမှ စီစဉ်နေဆဲ ဖြစ်ပါတယ်။
Tesla က ကင်မရာတွေကို အားကိုးအားထား ပြုတဲ့အတွက် လက်ရှိသုံးနေတဲ့ Autopilot အာရုံခံစနစ်မှာ ကင်မရာ ၈ လုံးဖြင့် အမြင်အာရုံတွေကို ကားက ရယူပါတယ်။
Tesla ရဲ့ ကားတွေမှာ တပ်ဆင်ပေးဖို့ ကင်မရာတွေ ထုတ်လုပ်ပေးဖို့ ကန်ထရိုက်ကို Samsung က ရရှိတယ်လို့ The Korea Economic Daily သတင်းမီဒီယာက သတင်းဖော်ပြပါတယ်။ ကန်ထရိုက်တန်ဖိုးက ဝမ် ၄~၅ ထရီလီယံလို့ ခန့်မှန်းပါတယ်။ အမေရိကန်ဒေါ်လာ ၃.၂~၄ ဘီလျံဖိုး ဖြစ်ပါတယ်။
Samsung Group ရဲ့ လက်အောက်မှ Samsung Electro-Mechanics Co. က ကန်ထရိုက် ရရှိတာ ဖြစ်ပါတယ်။
လောလောဆယ်မှာ Samsung ရဲ့ version 4.0 camera modules တွေ ထုတ်လုပ်ပြီး Tesla ကို ပေးသွင်းရမှာ ဖြစ်ပါတယ်။
version 4.0 က pixel ၅ သန်းဖြင့် ပုံရိပ် ရယူပေးပါတယ်။ ယခင် previous 3.0 ထက် ပုံကြည်လင်ပြတ်သားမှု ၅ ဆ ပိုကောင်းပါတယ်။ လက်ရှိ Tesla ကားေတွမှာ သုံးစွဲထားတဲ့ ကင်မရာတွေထက် အပုံကြီး သာပါတယ်။ လက်ရှိသုံးနေတဲ့ ကင်မရာ resolution က 1.2 megapixels ပဲ ရှိပါတယ်။
ယခု မှာကြားထားတဲ့ ကင်မရာတွေ ရလာတဲ့အခါ Model 3 sedan, Model S sedan, Model X SUV, Model Y crossover, Cybertruck, Tesla Semi အစရှိတဲ့ Tesla ထုတ်လုပ်သမျှ မော်တော်ယာဉ်တိုင်းမှာ Samsung ရဲ့ version 4.0 camera modules တွေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
Samsung Electro-Mechanics Co. က Tesla အတွက် ကင်မရာတွေကို ဇူလိုင်လမှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
#MyanmarAutomobileGuide