Tesla ကားထုတ်လုပ်မှုနှင့် ပေးပို့မှုများ အခက်အခဲများစွာ ရှိနေသည့်ကြားမှာ တိုးတက်မှု ရရှိ


Tesla ကားထုတ်လုပ်မှုနှင့် ပေးပို့မှုများ အခက်အခဲများစွာ ရှိနေသည့်ကြားမှာ တိုးတက်မှု ရရှိ

Tesla က ယခုနှစ် ဒုတိယသုံးလပတ်အတွက် လျှပ်စစ်ကားများ ထုတ်လုပ်မှုနှင့် ပေးပို့မှု ပမာဏကို အစီရင်ခံခဲ့တာမှာ နှစ်အလိုက် တိုးတက်မှုကို သုံးသပ်ပါက အခက်အခဲများစွာရှိနေတဲ့ကြားမှာ တိုးတက်မှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပါတယ်။  ပြီးခဲ့တဲ့ ဇွန်လက ၎င်းရဲ့  သမိုင်းကြောင်းတွင် အကောင်းမွန်ဆုံးဖြစ်ခဲ့ကြောင်းလည်း အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။

ဧပြီ၊ မေ၊ ဇွန် ၃လပတ်အတွင်း Tesla က ကားစီးရေ ၂၅၈,၅၈၀ ထုတ်လုပ်ခဲ့ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုပါက ယမန်နှစ် ၂၀၂၁ ဒုတိယ ၃လပတ်မှာ စီးရေ ၂၀၆,၄၂၁ ထုတ်လုပ်ခဲ့တာကြောင့် ယခုနှစ် ဒုတိယ ၃လပတ်မှာ ထုတ်လုပ်စီးရေ ၂၅.၃%  ပိုများပါတယ်။ 

ဝယ်ယူသူများလက်သို့ စီးရေ ၂၅၄,၆၉၅ ပေးပို့အပ်နှံနိုင်ခဲ့ပါတယ်။ ယခင်နှစ် အလားတူကာလထက် ၂၆.၅% ပိုများပါတယ်။ ပေးပို့ခဲ့တဲ့ကားများကို မော်ဒယ်အရကြည်လျှင် Model S နှင့်  X စီးရေ ၁၆,၁၆၂၊ Model 3 နှင့်  Y စီးရေ ၂၃၈,၅၃၃  ရှိခဲ့ပါတယ်။ 

၃လပတ်များအရ ပိုင်းခြားပြီး ကြည့်လျှင် ဒုတိယ ၃လပတ်မှာ ထုတ်လုပ်မှု နှင့် ပေးပို့မှု နှစ်မျိုးစလုံး လျော့ကျခဲ့ပါတယ်။ 

၂၀၂၂ ပထမ ၃ လပတ်မှာ Tesla က ကားစီးရေ ၃၀၅,၄၀၇ ထုတ်လုပ်ခဲ့ပြီး ကားစီးရေ ၃၁၀,၀၄၈ ပေးပို့ခဲ့ပါတယ်။ ၂၀၂၂ ဒုတိယ ၃ လပတ်မှာ Tesla က ကားစီးရေ ၂၅၈,၅၈၀ ထုတ်လုပ်ခဲ့ပြီး ကား စီးရေ ၂၅၄,၆၉၅ ပေးပို့ခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ပထမ ၃ လပတ်ထက် ဒုတယ ၃ လပတ်မှာ ထုတ်လုပ်မှု ၁၅.၃% ၊ ပေးပို့မှု ၁၇.၉%  လျော့ကျခဲ့ပါတယ်။ 

#MyanmarAutomobileGuide

Myanmar Automobile Guide

Telegram Channel

https://t.me/Guid4U

Read 1117 times