ဓာတ်ဆီဈေးတက်သဖြင့် Tesla လျှပ်စစ်ကား ရောင်းအားတက်


ဓာတ်ဆီဈေးတက်သဖြင့် Tesla လျှပ်စစ်ကား ရောင်းအားတက်

ပြီးခဲ့သည့် သီတင်းပတ်မှစ၍ Tesla မှ ထုတ်လုပ်သော လျှပ်စစ်ကားများ ဝယ်ယူရန်မှာကြားမှု အမေရိကန်မှာ မြင့်တက်နေပါတယ်။ အမေရိကန်မှာ ဓာတ်ဆီဈေး မြင့်တက်တဲ့အတွက် လျှပ်စစ်ကား ဝယ်ယူလိုသူ များပြားလာပါတယ်။

နေရာအများအပြားမှာ ဓာတ်ဆီ ၁ ဂါလံ ၄ အမေရိကန် ဒေါ်လာအထက်မှာ ရောက်ရှိနေပြီး အချို့အရပ်ဒေသတွေမှာ ဓာတ်ဆီ ၁ ဂါလံ ၅ အမေရိကန်ဒေါ်လာအထက်မှာ ရောက်နေပါတယ်။ ယခင်နှစ်ထက် ၁ ဒသမ ၅ အမေရိကန်ဒေါ်လာ ဈေးပိုမြင့်ပါတယ်။

ဓာတ်ဆီပါဝါဖြင့် မောင်းနှင်တဲ့ကားအစား ဘက်ထရီပါဝါဖြင့် မောင်းနှင်တဲ့ကား BEV ကို ပိုစိတ်စားနေကြပါတယ်။
လျှပ်စစ်ကား ဘက်ထရီ အားသွင်းခက ဓာတ်ဆီဖိုးရဲ့ အစွန်းထွက်သာ ရှိလို့ ယခုလို BEVကို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

Tesla ရဲ့စီအီးအို Elon Musk က ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အမေရိကန်မှာ တိုးမြှင့်ထုတ်လုပ်ကြဖို့ နှိုးဆော်ထားပါတယ်။ "ထူးထူးကဲကဲ အချိန်အခါများမှာ ထူးထူးကဲကဲ အရေးယူဆောင်ရွက်မှု လိုအပ်ပါတယ်" လို့ သူက တိုက်တွန်းပါတယ်။

Experian and Automotive News မှ အမေရိကန် အီးဗီဈေးကွက်အတွက် ထုတ်ပြန်တဲ့ အချက်အလက်များအရ BEV အရောင်းစာရင်း ထိပ်ဆုံး ၃ နေရာ ပထမမှ တတိယအထိ Tesla ရဲ့ ကားမော်ဒယ်တွေ နေရာယူထားတာ တွေ့ရပါတယ်။
Tesla Model Y က BEV ရောင်းအားစီး‌ေဂစုစုပေါင်းရဲ့ ၃၆.၈% ရရှိထားပါပြီး Tesla Model 3 က ၂၇% ရရှိထားပါတယ်။ နှစ်မျိုးပေါင်း ဝေစု ၆၀% ကျော် ရရှိထားပါတယ်။


Tesla Model Y – 18,549 
Tesla Model 3 – 13,604 
Tesla Model S – 3,903
Ford Mustang Mach-E – 2,781
Nissan LEAF – 1,479
Hyundai Ioniq 5 – 1,253
Volkswagen ID.4 – 1,153
Kia Niro EV – 1,146
Tesla Model X – 1,106
Porsche Taycan (all versions) – 972
အခြား– 4,438
စုစုပေါင်း – 50,384 

ယခုလို အမှာစာများ ပိုများလာတဲ့အတွက် ကားရဖို့ စောင့်ဆိုင်းကာလ ပိုကြာမြင့်မှာ ဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကားအသစ် မှာကြားရင် သီတင်းပတ် ၁၄ မှ ၂၀ အထိ ကြာမြင့်ပါတယ်။ ဒီဇင်ဘာမှာ မှာကြားရင် ဧပြီလ နောက်ပိုင်းကျမှ ရရှိမှာ ဖြစ်ပါတယ်။

Read 4863 times