Tesla အားသွင်းစနစ် Nissan သုံးစွဲမည်


Tesla အားသွင်းစနစ် Nissan သုံးစွဲမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Nissan သည် ဗုဒ္ဓဟူးနေ့(ဇူလိုင် ၁၉)တွင် Tesla ၏ လျှပ်စစ်ကားအားသွင်းစနစ်ကို အမေရိကန်နှင့် ကနေဒါ တွင် လက်ခံကျင့်သုံးရန် သဘောတူညီမှု ရယူသည့် ပထမဆုံး ဂျပန်ကားထုတ်လုပ်သူဖြစ်လာသည်။ 

၂၀၂၅ ခုနှစ်မှစတင်၍ Nissan သည် Tesla မှထုတ်လုပ်ထားသော North American Charging Standard (NACS) အားသွင်းပလပ်ပေါက်ကို  ၎င်း၏ အီးဗီများသုံးစွဲနိုင်ရန် တပ်ဆင်ပေးထားမည်ဖြစ်သည်။

Nissan သည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်မှာ ရောင်းချသော ကားများ၏ ၄၀% သည် လျှပ်စစ်ကားစစ်စစ်များ ဖြစ်ရန် ရည်မှန်းထားသည်။

ယခုအခါ NACS ကို သုံးစွဲရန် Ford၊ General Motors၊ Mercedes-Benz အစရှိသည့် ကားကုမ္ပဏီများက သဘောတူညီထားပြီ ဖြစ်သည်။
အမေရိကန်အစိုးရမှ စီစဉ်သည့် Combined Charging System (CCS) သည် မှေးမှိန်စပြုလာပြီဖြစ်ရာ အမေရိကန်တွင် charging standard ဖြစ်လာနိုင်ခြေ အတော်နည်းနေပြီ ဖြစ်သည်။


Nissan ၏ Ariya EV မော်ဒယ်များသည် လက်ရှိတွင် CCS တပ်ဆင်ထားကြသည်။ ၂၀၂၄ တွင် Ariya EV မော်ဒယ်များတွင် Tesla ၏ Supercharger ကွန်ရက်တွင် အားသွင်းနိုင်အောင် NACS charging adapter ပါဝင်မည် ဖြစ်သည်။


Tesla သည် Supercharger ကွန်ရက်ကို အမေရိကန်တွင် တိုးချဲ့နေသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံရှိ အမြန်အားသွင်း စုစုပေါင်း၏ ၆၀% ခန့်သည် Tesla ၏ Supercharger အားသွင်းပွိုင့်များ ဖြစ်သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 265 times