Tesla ၏  NACS စူပါအားသွင်းစက် မြောက်အမေရိကတွင်သာ တွင်ကျယ်


Tesla ၏  NACS စူပါအားသွင်းစက် မြောက်အမေရိကတွင်သာ တွင်ကျယ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မြောက်အမေရိကရှိ အမြန်အားသွင်းစခန်းစျေးကွက်ကို Tesla လွှမ်းမိုးထားသည်။  စူပါအားသွင်းစက် ၁၂,၀၀၀ ဝန်းကျင်ဖြင့် အားသွင်းကွန်ရက် ဖြန့်ကျက်ထားသည်။ သို့ဖြစ်ရာ ကားကုမ္ပဏီ အများစုက Tesla ၏ North American Charging Standard (NACS) စနစ်ကို လက်ခံသုံးစွဲရန် စာချုပ်ချုပ်ဆိုကြသည်။ 
စူပါအားသွင်းစက်များသည် ပလပ်ထိုးရုံဖြင့် ကိစ္စပြီးမြောက်အောင် စီမံပေးထားသည်။ ကားအမျိုးအစားကို သိသည်။ ဘက်ထရီကို အားသွင်းသည်။ ကျသင့်ငွေကို အွန်လိုင်းမှာ ကောက်ခံရယူလိုက်သည်။
အမေရိကန်ရှိ အားသွင်းရုံများ၏ ၆၀% သည် NACS စူပါအားသွင်းစက်များ ဖြစ်သည်။ 
ဥရောပတွင် Combined Charging System (CCS) က ကြီးစိုးထားသည်။ ၆၀% ဝေစု ရရှိထားသည်။ NACS က ၁၁% သာ ဝေစု ရရှိသည်။ ကျန်သည့် ဝေစုကို ဂျပန်မှ အားသွင်းစနစ် CHAdeMO က ရယူထားသည်။
ဂျပန်တွင် CHAdeMO က ဝေစု ၉၆% ရရှိသည်။ 


Nissan Motor ၏ Leaf EV သည် CHAdeMO ကို သုံးစွဲသည်။ အမေရိကန်တွင် CHAdeMO တိုးမပေါက်ချေ။ NACS က ကြီးစိုးထားသည်။ 
ဇူလိုင်လတွင် နီဆန်းက မြောက်အမေရိကအတွက် ကားများကို NACS ဖြင့် ၂၀၂၅ တွင် စတင်ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။

CHAdeMO ဖန်တီးသူတို့က တရုတ်ပြည်အတွက် ChaoJi အားသွင်းစနစ်ကို ဖန်တီးထားသည်။ သို့သော် တရုတ်ပြည်တွင် GB/T အားသွင်းစနစ် ကြီးစိုးထားသည်။ အားသွင်းရုံ အားလုံးနီးပါး GB/T ကို အသုံးပြုထားသည်။

အားသွင်းစနစ်အသီးသီးသည် သူ့အရပ်နှင့် သူ့ဇာတ် ဆိုသကဲ့သို့ တွင်ကျယ် ကြီးစိုးထားကြသည်။ အခြား အားသွင်းစနစ်တမျိုးမျိုး ဝေစုရဖို့ ခဲယဉ်းနေစေသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 70 times